Chapter - 69

97 21 1
                                    

[Unicode]
Chapter 2654: ငွေပြားအပြည့်နဲ့ သေတ္တာအကြီးကြီးကိုရှာတွေ့မှု...

တကယ်လို့သာ သူဒီက ထွက်သွားနိုင်ခဲ့ရင်တော့ ဒီလိုသမီးမျိုးကို သူမကိုလိုချင်တဲ့ဘယ်သူ့ကိုမဆို လုယွှဲ့ဖန်လက်လွှဲပေးလိုက်မှာဖြစ်သည်။

"အရှင်မင်းကြီး, ခေါင်းဆောင်က လုအိမ်တော်တစ်ခုလုံးကို ရှာဖွေပြီးသွားခဲ့ပါပြီ။"

"ပြောစေ။"

အရှင်မင်းကြီးရဲ့အသံက အရမ်းကိုတည်ငြိမ်နေခဲ့သည်။ ဒါပေမဲ့ အဲ့ဒါကပဲ လုယွှဲ့ဖန်ရဲ့တစ်ကိုယ်လုံးကို ချွေးအေးတွေနဲ့ဖုံးသွားစေပြီး သူ့ရဲ့ကြွက်သားတွေက စိတ်လှုပ်ရှားကြောက်ရွံ့မှုကြောင့် အထိန်းအကွပ်မဲ့စွာတုန်ခါလို့နေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်, လုအိမ်တော်အတွင်းမှာ ငွေပြားအပြည့်နဲ့သေတ္တာအကြီးကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါကြောင်း လျှောက်တင်ပါတယ်။"

အစောင့်ပြောတာကြားပြီးနောက် လုယွှဲ့ဖန်က လေးလံတဲ့အသက်ပြင်းပြင်းကို မှုတ်ထုတ်ခဲ့ပြီး လုကျန်းနင်းကတော့ အမူအရာပြောင်းသွားခဲ့သည်။

"ငွေပြားတွေအပြင် သေတ္တာထဲမှာ တစ်ခြားအရာတွေများရှိနေသေးလား?"

"မရှိပါဘူး။"

လုကျန်းနင်းရဲ့အမူအရာက တစ်မျိုးမျိုးကြောင့် အရုပ်ဆိုးသွားခဲ့သည်။ ငွေပြားတွေဆိုတာက တကယ်တမ်းဘာမှမဟုတ်ဘူး။ အရှင်မင်းကြီးကို ပူပန်သောကဖြစ်စေပြီး သတိကြီးကြီးထားသွားစေမဲ့ တစ်ခုတည်းသောအရာက ပုန်ကန်ထကြွမဲ့အရိပ်အရောင်ရဲ့ ခြိမ်းခြောက်မှုပဲ။

လုကျန်းနင်းရဲ့အမေဘက်က အဘိုးတော်သူ,ဗိုလ်ချုပ်အရာရှိကြီးက လုကျန်းနင်းကို ခေါင်းခါပြလာသည်။ ဒီစွပ်စွဲမှုကို ဒီ့ထပ်ပိုပြီး ရှေ့ဆက်တိုးလို့မရတော့ဘူး ဖြစ်သည်။

လုကျန်းနင်းရဲ့အမူအရာက ဒီတိုင်းပဲပြီးသွားတော့မှာကို လက်မခံနိုင်မှုတွေနဲ့ပြည့်နေခဲ့သည်။

ဒါက ဒီလိုမျိုးဘယ်လိုလုပ်ဖြစ်သွားရတာတုန်း?

သူတို့က ဘယ်လိုလုပ် ဘာမှရှာမတွေ့ခဲ့ကြတာလဲ?

နဥ်ရှု Reborn Legitimate Daughter (Realm-42) [Completed]Where stories live. Discover now