Chapter - 45

117 25 1
                                    

[Unicode]
Chapter 2630: ဒီစုန်းမက သူမယောက်ျားကို ခိုးသွားခဲ့တာ!

ဒီစုန်းမက သူမယောက်ျားကို ခိုးသွားခဲ့တာ!

လုမင်းရှန်က ဟောခန်းထဲကို မုန်တိုင်းတစ်ခုအလားဝင်လာခဲ့ပြီး လုယုကျင်းရဲ့ဘေးဘက်ကိုပြေးသွားကာ သူမလည်ပင်းကို ညစ်တော့သည်။

"နင် စုန်းမလိုဟာမ၊ ငါ နင့်ကို သတ်ပစ်မှာ!"

လုမင်းရှန်က လုယုကျင်းရဲ့လည်ပင်းကိုပြင်းပြင်းထန်ထန် ညစ်ထားသည်။

လုယုကျင်း လည်ပင်းညစ်ထားခံရတာကြောင့် မျက်နှာကနီရဲလာပြီး သူမက အတော် ကြောက်ရွံ့တုန်လှုပ်နေပုံရသည်။ လုယုကျင်းက စားပွဲကိုဆွဲချမိလိုက်ပြီး စွပ်ပြုတ်အရည်တွေက သူမကိုယ်ပေါ်ဖိတ်ကျသွားကာ ပန်းကန်တွေ တူတွေပေါ် သူမနောက်ကျောကျသွားပြီး နာကျင်လာစေတော့သည်။

လုယုကျင်းရဲ့မျက်လုံးထဲမှာ လုမင်းရှန်ရဲ့ရက်စက်ထိတ်လန့်ဖွယ်မျက်နှာကြီးတစ်ခုသာရှိနေခဲ့ပြီး သူမရဲ့အဆိပ်တွေနဲ့ပြည့်နေတဲ့ အကြည့်တွေက လုယုကျင်းကို ရင်တထိတ်ထိတ်နဲ့လန့်လာစေသည်။

လုယုကျင်းက အကူအညီတောင်းဖို့အတွက် အသံပင်မထွက်နိုင်တော့။

"နင် ဘာတွေလျှောက်လုပ်နေတာတုန်း?"

လုမင်းရှန်ရဲ့ပေါ်ထွက်လာမှုကြောင့် လုယွှဲ့ဖန်ရဲ့အမူအရာက အရုပ်ဆိုးသွားတော့သည်။

အစေခံအကုန်လုံးက အလျင်အမြန် လုမင်းရှန်ကို ဆွဲဖယ်ဖို့လုပ်ကြပြီး လုယုကျင်းက လည်ပင်းညစ်ခံရတာကြောင့် တကယ်ကြီးသေသွားလိုက်မှာကို စိုးရိမ်နေကြသည်။

လူအကုန်လုံးဝိုင်းဆွဲဖယ်နေသည့်ကြားမှပင် လုကျန်းနင်းက မရမကနဲ့ လုယုကျင်းရဲ့လည်ပင်းကိုညစ်ထားပြီး သူမက လွတ်ပေးဖို့အတွက် ငြင်းဆန်နေသည်။ လုယုကျင်းရဲ့မျက်နှာအရောင်က အပြာရောင်အဖြစ်ကိုစတင်ပြောင်းနေပြီဖြစ်သည်။

လီယု သူနောက်ထပ်မိန်းမတစ်ယောက်ကို ထပ်ပြီးလက်မထပ်ချင်ပေ- နောက်ထပ်မိန်းမတစ်ယောက်ကို ထပ်ယူရတာက သူ့ရဲ့လျို့ဝှက်ချက်ကိုပေါက်ကြားသွားစေနိုင်တဲ့ စွန့်စားမှုက ပိုပြီးတိုးလာမှာသာ ဖြစ်သည်။

နဥ်ရှု Reborn Legitimate Daughter (Realm-42) [Completed]Where stories live. Discover now