breaking bridges.

252 31 12
                                    


ဟီဆွန်း ပြန်ရောက်တာ မကြာသေးဘဲ အခန်းရဲ့ကုတင်မှာ ဝင်ထိုင်လျှင် ဖုန်းပြောလက်စ ဆောင်းဟွန်းဆီမှ အပြင်ထွက်ဟန်‌‌ဆဲဆဲ အမူအရာအား မြင်လိုက်ရတာမို့ အလိုမကျစွာ မျက်ခုံးတန်းနှစ်ခု နီးကပ်သွားခဲ့တယ်။

"နာရီဝက်အတွင်းဆို အဆင်ပြေရဲ့လား"

ဖုန်းချလိုက်တဲ့ ဆောင်းဟွန်းက ဟီဆွန်းထံ မျက်လုံးဖြင့်သာ ဝေ့ကြည့်လာပြီး စကားတစ်ခွန်းမှ မဆို။

"ဘယ်လဲ"

"အလုပ်ကိစ္စပါ"

"ဘယ်အလုပ်ကိစ္စက ညနက်ထိလဲ"

"ညနက်? အခုမှ ခြောက်နာရီ ခွဲခါစလေ"

"ဘယ်သူနဲ့လဲ"

လက်ပတ်နာရီဝတ်နေသည့် ဆောင်းဟွန်းလက်ချောင်းများမှာ ခေတ္တတန့်စဲသွားရင်း

"အလုပ်လုပ်ရမယ့်လူပဲပေါ့ ဘယ်သူလို့ သိချင်သေးတာလဲ ကုမ္ပဏီရေးရာတွေ ခင်ဗျား သိပ်စိတ်ဝင်စားတာ မဟုတ်ပါဘူး"

"မှန်ပါတယ် ကိုယ် စိတ်မဝင်စားဘူး အခု စိတ်ဝင်စားနေတာလဲ မင်းကိုပဲ"

ဟီဆွန်းထံ ကျရောက်လာသည့် နာမည်တပ်ရခက်သည့် အကြည့်တွေ။

"ပြင်ဆင်တာ များလွန်းတယ်မထင်ဘူးလား"

သက်ပြင်းချသံ။

"ငါ ဒီည တစ်ဖက်ကုမ္ပဏီပိုင်ရှင်နဲ့တွေ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စကားပြောရမှာ ငါ့တာဝန်ဖြစ်နေတယ် ဒီလောက်ကတော့ ဝတ်စားသွားမှရမယ်"

"မင်းတို့ ရင်းနှီးကြသလား"

ဆောင်းဟွန်းက အရမ်းကြီးစိတ်ရှည်တတ်တဲ့လူတော့ မဟုတ်တာ ဟီဆွန်းသိမှာပါ။

"အင်း ဟုတ်တယ် ရင်းနှီးသင့်သလောက်ရင်းနှီးပါတယ် ဒါ့ကြောင့်လည်း ငါ့ကိုရွေးပြီး ကူညီခိုင်းတာ ဘာပြောချင်သေးလဲ"

"အိုး.. သွားပါ သွား သွား ကိုယ်စိတ်ဝင်စားတဲ့အပိုင်းက ပြီးပါပြီ"

ဆောင်းဟွန်းဟာ ခေါင်းကိုတစ်ချက်ညိတ်လို့ မတင်မကျပုံစံဖြင့်သာ ထွက်သွားတယ်။

ဟီဆွန်း ကုမ္ပဏီကိစ္စတွေမှာတောင် ပြန်ပြီးအာရုံစိုက်ရမလိုပဲ။
ထိန်းချုပ်လုပ်ကိုင်ပေးနေကြတဲ့ သစ္စာရှိသူတွေကြောင့်သာ ကိစ္စရပ်တွေမှာဝင်မပါဘဲ ခပ်ကင်းကင်းနေနိုင်လာခဲ့တာ။
မီးစိမ်းပြတာနဲ့ ကူညီလမ်းပြပေးမယ့် ယုံကြည်ရတဲ့လူအိုကြီးတွေ အသက်ရှင်လျက်ရှိနေပါသေး။

Film Before Where stories live. Discover now