ဆောင်းဟွန်းဘွဲ့ရပြီးတော့ ကုမ္ပဏီအသေးစားတစ်ခုမှာ ပထမဆုံးအလုပ်ရတယ်။
ဆိုးလ်မြို့ထဲကတက္ကသိုလ်တစ်ခုမှာတက်ရဖို့ ကြိုးစားခဲ့ရတဲ့အချိန်တွေမှာ အဖေက အများကြီး ထောက်ပံ့ပေးခဲ့ပြီး အချိန်ပိုင်းအလုပ်ဆိုင်ရဲ့ အလုပ်ခေါ်စာ တစ်စောင်တောင်မှ ကိုင်မကြည့်ခဲ့ရဘူး။
ပညာရေးကိုအလေးထားတဲ့ အဖေရဲ့ဦးစားပေးကလည်း ဆောင်းဟွန်းရယ် ဆောင်းဟွန်းဘွဲ့ရဖို့ရယ်ပဲ ဖြစ်ခဲ့တာ။တစ်နှစ်နဲ့ရှစ်လလောက်အကြာမှာ ကုမ္ပဏီအသစ်ဆီ ရာထူးတိုးနဲ့ ပြောင်းရွှေ့ခံရပြီး အဲဒီမှာ ဟီဆွန်းနဲ့ စတွေ့တာပဲ။ မိသားစုနဲ့မကင်းတဲ့ ကုမ္ပဏီကို အလုပ်ကိစ္စဆိုပြီး အဆက်မပြတ်လာနေတဲ့ ဟီဆွန်းက ဆောင်းဟွန်းကို မသိမသာလေး သဘောကျနေခဲ့ဟန်ရှိတယ်။
လွယ်လွယ်ပြောရရင် နောက်တော့ သူတို့ ချစ်သူဖြစ်သွားခဲ့တယ်ပေါ့။
ဟီဆွန်းကို ဆောင်းဟွန်းက သူ့ဘဝကိစ္စ အလုပ်ကိစ္စတွေလောက် အရေးမပေးပေမယ့် ထိုက်သင့်သလောက် အကြင်နာတွေ အများကြီးဆိုတာထက် ပိုပေးခဲ့ပြီး ချစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဟီဆွန်းကတော့ ကုမ္ပဏီညစာစားပွဲတွေ၊ ဝန်ထမ်း ညစာစားပွဲတွေမှာတောင် လူမသိ သိအောင် လိုက်ပြီး ဂရုစိုက်နေပြတတ်ခဲ့တယ်။ ဒါကပဲ ဆောင်းဟွန်းအတွက် ပြဿနာဖြစ်ခဲ့တာပဲ။
နောက်ဆက်တွဲ အသံတွေမကြားနိုင်လို့ ဆောင်းဟွန်းက တိုးတိတ်တိတ်နေဖို့ လိုလားပေမယ့် ဟီဆွန်းက အသံကုန်ဟစ်ပြီး သူ့ကို လက်ထပ်ဖို့ ကြိုးစားခဲ့သေးတယ်။
လက်ထပ်ခဲ့ရတာပဲ။ ဟီဆွန်းက လက်မထပ်ကြရင် ချစ်သူရည်းစားအဖြစ်တောင် ဆက်ပြီးမရှိကြဖို့ ခြိမ်းခြောက်လာခဲ့တဲ့နေ့ကဆို ဆောင်းဟွန်းအတွက်လည်း စဉ်းစားရ အကျပ်ဆုံး အခက်ခဲဆုံးဖြစ်ခဲ့ရတယ်။
သူလည်း ဟီဆွန်းကို ချစ်ခဲ့တာကြောင့်ပေါ့။ချုပ်နှောင်တာတွေမလိုချင်ခဲ့လို့ လက်ထပ်ခြင်းကို ငြင်းဆန်နေရုံကလွဲ ဆောင်းဟွန်းမှာ ပြဿနာကြီးကြီးမားမား မရှိခဲ့သေးဘူး။
"မင်းက ဘယ်ကုမ္ပဏီမှာ ဘယ်ရာထူးလဲ"
လက်ရှိအခြေအနေပြီးတော့ အတိတ်နောက်ကြောင်းအထိ စကားရောက်လာခဲ့ပြန်တယ်။
ESTÁS LEYENDO
Film Before
FanficNow I'm in exile seeing you out .. Song - Exile by Taylor ft. Bon Iver