လက်ထပ်ခြင်းဆိုတာ သူတို့အတွက် အပေါ်ယံချည်နှောင်ခဲ့ခြင်းတစ်မျိုးထက် မပိုခဲ့ဟန်။
ဟီဆွန်းက ဆောင်းဟွန်းကို လက်ထပ်ခွင့်ရဖို့ ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာ အသိုင်းအဝိုင်းတစ်ခုလုံးသိကြတယ်။
လွတ်လပ်မှုကို အများကြီးသဘောကျတဲ့ဆောင်းဟွန်းက ဟီဆွန်းကို လက်ထပ်ဖို့အထိ တွေးခဲ့ပုံမရပေမယ့်ပေါ့။သူတို့တွေ တစ်အိမ်ထဲနေပြီး မျက်နှာချင်းမဆိုင်မိတဲ့ နေ့ရက်တွေဟာ များသထက် များလာခဲ့တယ်။ အနီးဆုံးမှာနေရင်း ကျောခိုင်းရင်း နေခဲ့ကြတာ။
"မင်း ကိုယ့်ကို ဂရုစိုက်ဖို့ တစ်ခါမှမတွေးဖူးဘူးလား"
လှေကားထစ်တွေဆီက လှမ်းလာတဲ့ ဆောင်းဟွန်းရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားရင်း အနောက်က ဟီဆွန်းကို လှည့်ကြည့်လာတယ်။
"ဟမ် ဆောင်းဟွန်း?"
"ဟင့်အင်း"
ကျစ်သက်လိုက်တဲ့ ဟီဆွန်းကို မြင်တဲ့အခါ ဆောင်းဟွန်းရဲ့ မပြောဘူးစဉ်းစားထားတဲ့ စိတ်က အလျှော့မပေးချင်တော့ဟန် ရုန်းထွက်လာတယ်။
"ခင်ဗျားရော ငါ့စိတ်က ဘာလဲဆိုတာ မြင်ကြည့်ခဲ့ဖူးရဲ့လား"
"ချစ်တဲ့လူကို လက်ထပ်ဖို့ကြိုးစားတာ ကိုယ် မှားတာလား .."
ချက်ချင်း ပြန်ဖြေလာတဲ့စကားကို ဆောင်းဟွန်းက မှင်သေသေနဲ့ ရပ်ကြည့်နေရင်း စကားတစ်ခွန်းမှ ပြန်မပြော။
"ကိုယ်က ဘယ်နေရာမှားလို့ မင်း ပစ်ထားတာခံနေရတာလဲ ဟမ် .. လက်ထပ်ပြီးတည်းက မင်းဆီက ဘယ်နှခါများ ဂရုစိုက်ခံရလို့လဲ"
"စကားမများချင်ဘူး .. ငါ သွားစရာရှိသေးတယ်"
ဟီဆွန်းက ဆောင်းဟွန်းရဲ့ပခုံးကို ဆွဲယူထားလျက်ပဲ..
"ကိုယ် မေးတာ ဖြေ .. ကိုယ် ဘာမှားတာလဲ မင်းဖြေစမ်း အချစ်"
ဆောင်းဟွန်း သက်ပြင်းကျယ်ကျယ်တစ်ချက် ထုတ်လွှတ်လိုက်ကာ