ည ၇နာရီခွဲခါနီးမှ ရေချိုးနေပြန်တဲ့ ဆောင်းဟွန်း။"ဘာလို့ ထိုင်စောင့်နေတာလဲ"
ရေလဲဝတ်စုံအတိုင်း ထွက်လာခဲ့တာမို့ ..
ဟီဆွန်း ကုတင်နားမှာမတ်တပ်ရပ်ရင်း ဆောင်းဟွန်းကို ကြည့်နေမိတယ်။"အပြင်မထွက်တော့ဘူးလား"
"လက်ထပ်ထားတဲ့လူကိုတောင် မင်း တွန့်တိုနေရလား"
"ဘာလို့ ဆက်တိုက်စိတ်ရှုပ်အောင်လုပ်နေရတာလဲ"
လေသံဟာ တိုးဖွဖွပါပဲ။
ဗီရိုထဲက အဝတ်အစားတစ်စုံ ရှာဝတ်ဖို့လောက်တောင် ကိုယ့်စကားကို ဆောင်းဟွန်းအရေးမထားဘူး။
"ဆောင်းဟွန်း"
"အင်း?"
"တကယ်ပဲ မင်း ကိုယ့်ကို ကိုယ့်ကိုတောင်မှလေ ဒီလိုဖြစ်နေပြီလား"
ကြီးကျယ်တဲ့ကိစ္စလို့မဆိုချင်ပေမယ့် လက်ထပ်ထားကြတဲ့သူတို့ကြားမှာ နွေးထွေးခြင်းတွေမရှိဘဲ ဝေးကွာနေခဲ့တာ။
အိပ်ရာဝင်အနမ်းနွေးနွေး။ အိပ်ရာထက်ကပွေ့ဖက်ပွတ်သီမှုအချို့ရယ် မရှိခဲ့တာ ကြာသင့်တာထက်ပိုနေခဲ့ပါပြီ။"ဘာဖြစ်နေလို့လဲ"
"မင်း သိပါတယ် ဆောင်းဟွန်း .. အိမ်ထောင်ရေးမှာ ဒါတွေ အဓိကမကျပေမယ့် လိုအပ်တာပဲ ရှောင်ရမယ့်ကိစ္စမဟုတ်ဘူးလေ အခု မင်းက"
"မဟုတ်ပါဘူး ရှောင်နေတာမဟုတ်ဘူး ရုတ်တရက်ဆိုတော့
ဒီတိုင်း .. "ဆောင်းဟွန်းဘက်က ဖြေရှင်းလာတဲ့အခါ တင်းကြပ်သွားတဲ့ဟီဆွန်းရင်ထဲ ခဏတွင်း ပြေလျော့သွားရတယ်။
အဝတ်ဗီရိုနားကမခွာသေးတဲ့ကျောပြင်ငယ်မှာတော့ ဟီဆွန်းကို ဘာရယ်မသိ အသက်ရှူကျပ်စေပြန်တယ်။အသက်ငွေ့ကိုပြင်းပြင်းမှုတ်ထုတ်လိုက်ပြန်ရင်း တောင့်တနေခဲ့တဲ့ ကိုယ်ငွေ့နွေးနွေးအား လက်ထဲ ဖမ်းဆုပ်လိုက်မိတဲ့အခါ လှုပ်ခတ်သွားတဲ့ လက်ထဲကခန္ဓာကိုယ်။
အဝတ်အစားတစ်ထည်ရဖို့အရေးသာ အားစိုက်ပြနေတဲ့ ဆောင်းဟွန်း။
အခြေအနေအား မသိကျိုးကျွံပြုလိုဟန်ပါ။
أنت تقرأ
Film Before
أدب الهواةNow I'm in exile seeing you out .. Song - Exile by Taylor ft. Bon Iver