we always walked a very thin line.

106 26 14
                                    


"ကိုယ်ပဲရှိတာလား  ဟုတ်ရဲ့လား"

ဟီဆွန်းဘက်က သံသယတွေ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ
နောက်တစ်ကြိမ် စတင်လာတဲ့ အမေးစကားနောက်

အထင်သေးခံရသလို မေးခွန်းရဲ့နောက်မှာ ဆောင်းဟွန်းရဲ့
လိုက်လျောမှုနဲ့ မက်မောမှုတွေအားလုံး သဲထဲရေသွန် မောင်းထုတ်ခံလိုက်ရသလို ပျောက်ပျက်သွားခဲ့ရတယ်။

ဖြိုချထားခဲ့တဲ့ မာနလွှာက ပြန်လို့ အသက်ဝင်လာတော့တယ်။

အသက်ရှူသံမှာ တုန်ယင်သွားရပြီး
အသည်းအသန်ဖယ်ထုတ်လိုက်မိတဲ့ ကိုယ်ပေါ်ကလူမှာ နောက်ပြန်လန်ကျသွားကာ ကျောဘက်ဆိုဖာလက်ရန်းအထိ
ယိမ်းယိုင်သွားရာမှ ရယ်သံတစ်စထွက်ကျလာခဲ့တယ်။
အရောင်မလွင်တဲ့ ရယ်သံတွေပဲ။

ဒီစကားကို ဟီဆွန်းတကယ်ပဲ ပြောထွက်သလား။
အသိစိတ်ထဲကလား သွေးကြွ‌‌စေတဲ့အယ်လ်ကိုဟောရဲ့ မြှောက်ပင့်မှုတွေလားတော့ ကာယကံရှင်သာ သိမှာပဲ။

ဘယ်လိုပင်ဖြစ်ပါစေ
ဒီစကားက စော်ကားခြင်းပဲ။

ခံစားချက်ကြီးကို ဆောင်းဟွန်း မုန်းလိုက်တာ။
ဟီဆွန်းဆီက အထင်သေးခံရသလို ခံစားချက်တွေ။

နှုတ်ခမ်းကို ဖိကြိတ်လိုက်မိတဲ့နောက်
ဟီဆွန်းဆီမှ ပြန်လည် လှမ်းကြည့်လာတဲ့ မထီတထီအကြည့်တွေဟာ မီးစမီးပွားတွေအလား။

ဘယ်လိုမှ စိတ်ထိန်းမရနိုင်တဲ့အဆုံး

"မနမ်းနဲ့ ခင်ဗျား ငါ့ကို ဘယ်တော့မှ ထပ်မနမ်းနဲ့"

အသက်ပြင်းပြင်းရှူလို့‌ မြင်နေရတဲ့ဟီဆွန်းလက်တွေကို ရိုက်ပုတ်ပစ်ရင်း ဖွင့်ဆိုလိုက်သည့် စကားသံအဆုံး

"အော.. မင်းကို နမ်းမယ့်လူရှိသလား ကိုယ် မဟုတ်ဘဲ"

အေးစက်စက် ဟီဆွန်းလက်တွေဟာ
ပါးပြင်ဆီလာအပ်ကာ ချော့မော့ပြန်သလား။
ကပ်ပါလာတဲ့စကားသံကတော့ သိပ် စက်ဆုပ်ဖွယ်‌ကောင်းလွန်းလို့
မတိတ်နိုင်တဲ့ မျက်ရည်တွေမှာ ဟီဆွန်းလက်ဖျားပေါ် တသီကြီး။

မျက်လုံးညိုညိုတွေမှာ နွေးထွေးခြင်းအစား
အရောင်မှိုင်းတဲ့ အကြည့်တွေသာ။

Has llegado al final de las partes publicadas.

⏰ Última actualización: a day ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Film Before Donde viven las historias. Descúbrelo ahora