Chapter 139

846 124 1
                                    

Unicode

နောက်ပိုင်းတွင် စိတ်ပညာရှင်တစ်ဦးက တစ်ခါတစ်ရံတွင် အကြောင်းပြချက်များစွာမရှိဘဲ လူအချို့သည် မကောင်းမှုများလုပ်တတ်ကြောင်း Mr. ချန်းအား ပြောပြခဲ့သည်။ နာနီသည် သူဌေးများကို မုန်းတီး၍ ထိုသို့လုပ်ခဲ့ရုံ ဖြစ်နိုင်လေသည်။

Mr. ချန်းသည် မုဆိုးဖိုဖြစ်ပြီး သူ၏ ဆွေမျိုးရင်းချာများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့သည်။ နောက်ဆုံးတော့ သူတစ်ယောက်တည်းကျန်ခဲ့၏။

လူအိုကြီးသည် ထိုအဓိပ္ပာယ်မရှိသောအရာကို သဘာဝအတိုင်း မယုံကြည်သော်လည်း တစ်ခါတစ်ရံတွင် သိပ္ပံပညာဖြင့် အမှန်တကယ် ရှင်းပြ၍မရသော အရာများရှိသည်။

ဥပမာအားဖြင့်၊ ဆံဖြူ Mr. ချန်းသည် ဆံမဲ အမျိုးသားများဖြစ်သည့် သူ၏သားသမီးလေးဦးနှင့် သူ၏ဇနီးတို့ကို အဝေးပို့လွှတ်လိုက်ရခြင်း ဖြစ်သည်။ (လူအိုက လူငယ်ကို ဘဝကူးပြောင်းရန် ပို့ဆောင်ရသည်)

သူသည် မရေမတွက်နိုင်လောက်အောင် ချမ်းသာကြွယ်ဝသော်လည်း တစ်ယောက်တည်းသာ နေထိုင်ခဲ့ရသည်။

အချိန်တွေကုန်တာမြန်လွန်းလှသည်။မျက်စိတစ်မှိတ်အတွင်းမှာတင် အနှစ်နှစ်ဆယ်ကြာသွားခဲ့ပြီပင်။

အိမ်တော်ထိန်းကြီးက Mr. ချန်း၏ရေနွေးကြမ်းကို ပြန်ဖြည့်ပေးလိုက်ပြီး အပြုံးတပွင့်နှင့် ပြောလိုက်သည်။"ဒီလူငယ်လေး ပေါ်လာပြီးကတည်းက စတုတ္ထသခင်လေးကို ဒေါသကြောင့် အံကြိတ်စေနိုင်ခဲ့တယ်လေ"

Mr ချန်းသည် အိမ်တော်ထိန်းကြီး၏စိတ်ကို မည်သို့မသိနိုင်ရမည်နည်း။
သူသည် အတိတ်ကို တွေးမနေစေရန် အကြောင်းအရာကို တမင်ပြောင်းလဲခဲ့သည် မဟုတ်ဘူးလား။

Mr. ချန်းက ပြုံးပြီးပြောလိုက်မိ၏။ "ရှောင်စစ်က အရာရာမှာ တော်တယ် ဒါပေမယ့် အဆင်မပြေမှု နည်းနည်းလေးတော့ ကြုံဖူးရမှာပေါ့ သူက နည်းနည်းအလျင်စလိုနိုင်တတ်ပြီး ဒါက အမွေဆက်ခံသူဖြစ်လာဖို့အတွက် အားနည်းလွန်းတယ် ဒီအတွေ့အကြုံက သူ့ကို တိုးတက်သွားစေမယ်လို့ မျှော်လင့်ပါတယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now