Chapter 140

1.1K 139 0
                                    

Unicode

လော့ချယ်၏အသံသည် တိုးလျနေပြီး နား၀င်ချိုလှကာ နားထောင်ရအလွန်ကောင်းသည်။ သူပျော်နေသည်ဟုပြောသည့်အချိန်တုန်းက နူးညံ့သိမ်မွေ့ကြည်လင်သည့်အသံနှင့် ဖြည်းညှင်းစွာပြောခဲ့တာပင်။

၎င်းက လူ၏နားထဲတွင် အနည်းငယ် တုန်ခါနေခဲ့၏။

လေထုသည် အနည်းငယ် မရေမရာဖြစ်လာသည်။

လော့ချယ်က သူမကို နမ်းချင်နေသကဲ့သို့ အနားကို အနည်းငယ်တိုးကပ်လာ၏။

ကုမျန်က ထိတ်လန့်တကြားနှင့်“အိုး၊ ရှိုးအဖွဲ့သားတွေက ဒီနေ့ ကျွန်မကို လိုအပ်မှာမဟုတ်ဘူးဆိုတော့ ကျွန်မအိမ်ပြန်လို့ရပြီ"

သူမသည် အလွန်အေးဆေးတည်ငြိမ်သည့်သူဖြစ်သည်။ ဘာတွေနှင့်ဘယ်လိုရင်ဆိုင်နေရပါစေ သူမသည် ဘယ်သောအခါမှ ပျာယာမခတ်ခဲ့ဖူးချေ။

လက်ထဲတွင် ထက်မြသောဓားတစ်လက်ကိုင်ထားသည့် လူဆိုးနှင့်ရင်ဆိုင်ရလျှင်ပင် သူမသည် တည်တည်ငြိမ်ငြိမ်နေနိုင်ပြီး အန္တရာယ်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဖြေရှင်းနိုင်၏။ သူမသည် ဗုဒ္ဓဘာသာစိတ်ထားနှင့်စတိုင်ကို ကိုယ်စားပြုလေသည်။

လော့ချယ်နှင့်ရင်ဆိုင်ရသည့်အခါတွင်တော့ သူမ၏ ယခင်က တည်ငြိမ်သည့်ပုံစံကို ထိန်းသိမ်းရန်က သူမအတွက် ပို၍ခက်ခဲသွားသည်။

လော့ချယ်သည် ကုမျန်၏ အနည်းငယ်အံ့အားသင့်သွားသော အကြည့်ကို မြင်လိုက်ရပြီး မျက်လွှာချကာ ရယ်လိုက်မိသည်။ သူက ကုမျန်၏ပါးကို အလျင်စလိုနမ်းပြီး ဆွဲဆောင်မှုရှိသည့်အသံနှင့် ပြောလိုက်၏။"ကောင်းပြီ ကိုယ် မင်းနဲ့ အပေါ်လိုက်ခဲ့မယ်"

ကုမျန်၏မျက်၀န်းများ ပြူးကျယ်သွားရကာ "ရှင် ကျွန်မနဲ့လိုက်လာမှာလား"

"အင်း ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းလေးရဲ့ ချစ်သူကောင်လေးဆိုတာ လူတိုင်းသိနေပြီပဲ"

ဒါဆို ချစ်သူကောင်လေးက ခရီးဆောင်အိတ်ယူဖို့ သူ့ကောင်မလေးနဲ့ အပေါ်ထပ်လိုက်လာတာ ပြဿနာရှိလို့လား။

ဘာပြဿနာမှ မရှိဘူး။

နောက်ဆုံးတွင် ကုမျန်သည် လော့ချယ်ကို သူမနှင့်အတူ အပေါ်ထပ်သို့ ခေါ်သွားခဲ့ရသည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now