Part -8 Nway & Mg

1K 25 2
                                    

ဒီနေ့သည် စနေနေ့မို့ စနေနေ့တိုင်း မေမေတို့အိမ်ဆီပြန်သွားတတ်သည့် နွေးသည် မနက်၅နာရီတည်းကအလိုလိုနိုးလာကာ ဘေးနား၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူအား တမေ့တမောငေးစိုက်ကြည့်နေမိပါတော့သည်။
မျက်ခုံးမွှေးစိမ်းမြမြများသည် မျက်ခုံးထိပ်များနှစ်ဖက် ထိလုမတတ် ရှည်လျားစိမ်းညှို့နေပါသည်။ နှာတံချွန်ချွန်စင်းစင်းများမှာ နှုတ်ခမ်းထူထူနွေးနွေးများဆီသို့ရေတံခွန်လိုစီးဆင်းနေသလိုဖြစ်ကာ အလွန်တရာကြည့်ကောင်းနေလေသည်။ ထိုမှတဆင့်ပါးသိုင်းမွှေး ရေးရေးလေးများရှိသော စိမ်းဖန့်ဖန့်အမွှေးနုလေးများသည် အသားဖြူဖြူပေါ်သို့ ခပ်ထင်းထင်းရှိနေတတ်ပြန်သေးသည်။ မပွင့်လာသေးသောမျက်ဝန်းညိုများအား ဖုံးပိတ်ထားသော မျက်ခွံမို့မို့များပေါ်၌ အကြောစွမ်းများသည် အနီတချို့တစ်ဝက်သွေးကြောများရောယှက်နေကာ လျှပ်စီးလျှပ်နွယ်များသကဲ့သိူ့ဖြစ်နေသေးသည်။ ဘယ်လောက်အချိန်ကြာကြာစိူက်ကြည့်မိသည် မသိ ကြည့်ကောင်းကောင်းနှင့်ကြည့်နေသော နွေးသည် သူလူးလွန့်လာမှသတိပြန်ဝင်လာကာ မျက်နှာလွှဲမိတော့သည်။ သူမနိုးလာသေးပဲ ဆက်အိပ်နေသည်ကိုတွေ့ရသောအခါမှ သူ၏ခါး၌ရောက်နေသောစောင်အား သူ့ရင်ဘတ်ပေါ်အထိ ဆွဲတင်ကာခြုံပေးလိုက်ပါသည်။ စောင်ခြုံပေးရာမှ သူ့ပါးပြင်နှင့်နီးသွားသောအခါ နွေး၏ ရင်မှာအဆမတန်ခုန်လာသဖြင့်

"နင်ရှက်နေတာလားနွေး ဘာလို့ရင်ခုန်နေတာလဲ သူကနင့်ယောက်ကျားပါအေ နင်ခိုးကြည့်စရာမလိုအောင် နင်ပိုင်ဆိုင်ထားတဲ့ နင့်အပိုင်ယောက်ကျားပါဟ" ဟု စိတ်ထဲ၌ ပြောလိုက်ရင်း သူ့အေးစက်စက်ပါးပြင်အား နှုတ်ခမ်းနွေးနွေးနှင့် ဖိကပ်ကာနမ်းကြူလိုက်မိပါတော့သည်။ အားရအောင်နမ်းပြီးအခါမှ မလုံမလဲဖြစ်သွားကာ မျက်နှာသစ်သွားတိုက်ရန် ရေချိုးခန်းထဲသိူ့ဝင်လာပါတော့သည်။ နွေးရေချိုးခန်းထဲသိူ့ရောက်ချိန်မှသာ တစ်ချိန်လုံး အိပ်ချင်ယောင်ဆောင်နေသော တည်တံ့မောင်မှာ မျက်လုံးများပွင့်လာကာ သူ၏ပါးပြင်အားဆွဲဆိတ်မိပါတော့သည်။ အိမ်မက်ဟုထင်နေသော သူ့မှာ ပါးပြင်များနာလာမှသာ အမှန်တကယ် နွေးဆီမှ အနမ်းမှန်းအတည်ပြုပြီးနောက် ကြည်နူးကာပြုံးလိုက်မိပါတော့သည်။
နွေးနှင့်သူ ကံပါပြီး တွေ့ဆုံခဲ့ပုံမှာ ကံကြမ္မာဇာတ်ဆရာက အကွက်ကျကျ စီစဉ်ပေးခဲ့သလိုသာဖြစ်နေတော့သည်။ နွေးနှင့်သူစတင်တွေ့ဆုံခဲ့ပုံအား  ပြန်အိပ်မရတော့မဲ့အတူတူ  ပြန်ပြောင်းကာအတွေးနယ်ချဲ့မိနေပါတော့သည်။ သူနိုင်ငံခြားမှ ပြန်ရောက်ရောက်ပြီးချင်း နောက်နေ့မနက်မှာပဲ မြရှင်သန်နေထိုင်ခဲ့သော ခြံ တနည်းအားဖြင့် အခုမြင်ကွင်း၌ ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်သွားပြီးဖြစ်သော တစ်ဖက်ခြံသို့ကူးလာကာ မြအငွေ့အသက်များကျန်ရှာဦးလေမလားဆိုသည့် အတွေးများဖြင့် ကူးလာခဲ့မိပါတော့သည်။ ကျောင်းထဲသို့ရောက်သောအခါ ဧည့်ကြိုကောင်တာ၌ ဝန်ထမ်းကောင်မလေးသည် မိမိအားဆီးကြိုနှုတ်ဆက်ရင်း လာရင်းကိစ္စမေးမြန်းသောအခါ ကျောင်းအုပ်ကြီးနှင့်တွေ့ချင်ကြောင်းပြောလိုက်သဖြင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်ရှိသွားပြီး ကျောင်းအုပ်ကြီးနဲ့စကားလက်ဆုံကျနေမိပါတော့သည်။ ကျောင်းအုပ်ကြီးမှာ ဦးထိန်လင်းသော်ဖြစ်ပြီး အသက်၆၀ခန့်သာရှိသေးကာ တည်ကြည်သောဥပဓိမှာ သိမ်မွေ့သောအပြုံးတို့ထင်ဟပ်နေသည် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်ရင်း ဘေးခြံမှလူဖြစ်ကြောင်း ကျောင်းအုပ်ကြီးကသိသွားသောအခါတွင်...

ထိုရပ်ဝန်း၌အချစ်များသာရှင်သန်၏🪷Where stories live. Discover now