Part-1 Nway🌸21+++🔥🔥🔥

3K 29 0
                                    

အပြင်မှာမိုးစက်တွေတဖျောက်ဖျောက်ကျနေသံကြားရသဖြင့် နွေးအိပ်ပျော်နေရာမှ နိုးလာ၏။ နွေးတစ်ကိုယ်လုံးနစ်မြုပ်နေအောင် အနောက်ကနေဖက်ပြီး ရင်ခွင်ထဲဆွဲသွင်းဖက်တွယ်ထားသော တည်တံ့မောင်၏ လက်များက နွေးထွေးသလို သန်မာလှပါ၏။ နွေးအဖို့တော့ သန်မာလှသော နွယ်ပင်များ နွေးဘဝ၏အဟန့်အတားများ ရုန်းလေနစ်လေဖြစ်သော နွံဝဲဂယက်ကြီးသာဖြစ်လေ၏။ သူ ၏ ကလောဘက်ကသူ့လုပ်ငန်းခွင်များဆီကို ဦးစီးပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်ကွပ်ကဲနေသည့်အချိန်ကာလသည် နွေးအဖို့ နိဗ္ဗာန်ဖြစ်ခဲ့ပါသည်။

တစ်လလောက်နွေးနှင့်အတူခွဲခွါနေရကာ မနေ့ကမှ ပြန်ရောက်ပြီး တစ်ညလုံးနီးပါး နွေးနှင့်ချစ်တင်းနှောလေ ချစ်တင်းနှော၍မဝနိုင်ဖြစ်နေသော သူကို နွေး ကြောက်ပင်ကြောက်လာလေ၏။ နွေးနှင့်သူ၏ မမျှော်လင့်ပဲလက်ထပ်ခဲ့ရသော အိမ်ထောင်ရေး၌ တည်တံ့မောင်သည်နွေးအပေါ် ခင်ပွန်းကောင်းပီပီ ချစ်ခြင်းမေတ္တာအပြည့်အဝဖြင့် ချစ်ပေးခဲ့ပါသည်။ တည်တံ့မောင်သည် နွေးအားမြင်မြင်ချင်းမြတ်နိုးမဆုံးဖြစ်ခဲ့ရပြီး နွေးအားမရမက ချဉ်းကပ်ကာ လက်ထပ်ယူခဲ့သူမို့ နွေးအား မျက်စိအောက်ကအပျောက်မခံနိုင်အောင်ဖြစ်ခဲ့ရပါသည်။

မနေ့ညက .........
အိမ်ရှေ့ပေါ်တီကိုအောက်ကိုငြိမ့်ခနဲရပ်လိုက်သောကားသားကို နွေးစာဖတ်နေရာမှ နားစွင့်လိုက်မိသည်။ ညင်သာသော ဖိနပ်ချွတ်သံ၊ ညင်သာသောခြေလှမ်းများနှင့်အတူ နွေးအလွတ်ရစပြုပြီဖြစ်သော သူ့ကိုယ်သင်းနံ့သည် နွေးရှိရာအပေါ်ထပ်စာဖတ်ခန်း၌ သင်းသင်းအေးအေးဝင်လာသည်ကို နွေး၏စိတ်ထဲ၌ ကြည်နူးခြင်း နွေးထွေးခြင်းလုံခြုံခြင်းလို့ မသိမသာဖြစ်တည်သွားလေ၏။

"နွေးရေ နွေး.... မောင်ပြန်လာပြီနွေးရေ လွမ်းလိုက်တာနွေးရယ်"ဟု ပြောပြီး စာကြည့်ခန်းထဲသို့ဝင်လာကာ နွေး၏ကိုယ်လုံးနွေးနွေးလေး သွယ်လျလျလေးအား လွတ်ထွက်ထားမတတ်ဖက်လိုက်မိသလို နွေး၏ထူထဲပျော့ပျောင်းလှသောဆံကေသာများ အစဉ်သဖြင့် နံ့သာနံ့မွှေးနေတတ်သော ကိုယ်သင်းရနံ့လေးများအား ရှူရှိုက်မိလိုက်သော ကြည်နူးခြင်းတို့ရင်ဝယ်အပြည့်အလျှံဖြစ်လာပါတော့သည်။

ထိုရပ်ဝန်း၌အချစ်များသာရှင်သန်၏🪷Where stories live. Discover now