Part -11 Jealously

646 19 1
                                    

Dinner Partyသို့ရောက်သောအခါ သူသည်နွေး၏လက်အားသူ့လက်မောင်း၌ချိတ် စေကာ လမ်းယှဉ်လျှောက်ခိုင်း​တော့သည်။
Dinner မှာ မိတ်ဖက်ကုမ္ပဏီပိုင်ရှင်၏ ကိုယ်ပိုင်အိမ်ခြံဝင်း၌ ပြုလုပ်ချင်းဖြစ်သည်။ မြက်ခင်းစိမ်းပေါ်၌ ဘူဖေး ဟင်းလျာများ အဖျော်ယမကာများတည်ခင်းဧည့်ခံကာ Music Bandတစ်ခုဖြင့်သီဆိုဖျော်ဖြေထားလေသည်။ Dinner Party တစ်ခါမှ မတက်ဖူးသောနွေးသည် လူများဆူညံနေသော နေရာဖြစ်နေသည်က တစ်ကြောင်း၊ ဝတ်နေကျမဟုတ်သော အိကျီလည်ဟိုက် ကျောပေါ် ပေါင်လည်အထိ ခွဲထားသော ဝတ်စုံကြောင့်လည်းအနေရခက်လှသည်။ သူ၏ မိတ်ဆက်ပေးသော မိတ်ဆွေသူငယ်ချင်းများနှင့်လည်း အလိုက်သင့်ကာ ပြုံးပြရယ်ပြ သူ့လက်အားမချွတ်စတမ်းချိတ်ထားရသောကြောင့်လည်းစိတ်များကျဉ်းကျပ်လာတာ ရေပင်ငတ်လာရသည်။ တစ်နေရာအရောက်၌ အမျိုးသမီးတစ်ယောက်နှင့်မိတ်ဆက်ပေးလာသည်။ ထိူအမျိုးသမီး၏ နာမည်မှာ ရွှေရောင်လွှမ်းဖြစ်ပြီး ချောမောလှကာ ဝတ်ထားသည်မှာလည်းခေတ်ရှေ့ပြေးကာ အလွန်တရာခေတ်ဆန်လှပလေသည်။ ထိုအမျိုးသမီးမှာ သူနှင့်ကျောင်းနေဖက်လည်းဖြစ်သည့်အပြင် Dinner Party၏ အိမ်ရှင်လည်းဖြစ်သဖြင့် နွေးမှအလိုက်တသင့်ပြန်ပြုံးပြသော်လည်း ထိုအမျိုးသမီးမှာ နွေးအားမတူမတန်သလိုကြည့်လိုက်ကာ သူ့ကိုပင်ဖက်လှဲတကင်းနှုတ်ဆက်ရင်းအရေးပေးနေသဖြင့် သူ့လက်မောင်းအားဖြုတ်ချလိုက်ကာ သူ့အားပြောလ်ိုက်လေသည်။
" အဟင်း....ညီမလေး ရွှေနဲ့ မောင်တို့ အေးဆေးစကားပြောနှင့်ကြပါဦး မမ ဗိုက်ဆာလို့ဘူဖေးပြင်ထားလည်းသွားရည်ကျစရာမို့လို့ စားလိုက်ဦးမယ်နော်"

"မောင်နဲ့ အတူသွားစားတာပေါ့နွေးရဲ့ မောင်ကနွေးနဲ့မိတ်ဆက်ပေးစရာလူတွေရှိသေးတယ်လေနွေးရဲ့"

"အမလေး တည်တံ့ရယ် နင်ကိုကပိုလွန်းပါတယ်ဟယ် မိန်းမချောချောရထားတော့ လူတိူင်းစေ့ကိုကြွားချင်တာပေါ့လေ ဟုတ်လား"

"အမှန်ပဲပြောပါတော့ ရွှေ ကိုယ်တို့မင်္ဂလာဆောင်တုန်းက ပွဲအကြီးအကျယ်မလုပ်လိုက်ရပဲ အကျဉ်းချုံးပြီးလုပ်လိုက်ရတော့ ကိုယ့်အမျိုးသမီးနဲ့ကိုယ့်ကိူလူတွေတွဲမမြင်ကြမှာ စိူးတာလည်းပါတာပေါ့လေ ဟားဟား"

ထိုရပ်ဝန်း၌အချစ်များသာရှင်သန်၏🪷Where stories live. Discover now