Part -9 Nway & Mg , Follow her😮‍💨

726 23 3
                                    

မြနှင့်တူလွန်းသော မြကိုယ်စားအသက်
ဆက်ရှင်သန်ပေးနေသည်ဟု ထင်မှတ်မှားရလောက်တဲ့ထိ သူ့ရှေ့မှောက်တည့်တည့်ရောက်လာသော ထိုအမျိုးသမီးလေး၏ အကြောင်းအား သူ့လူယုံ သူ့မန်နေဂျာ ဥက္ကာမှတစ်ဆင့် စုံစမ်းခိုင်းလိုက်တော့သည်။  သူမ စာလာသင်ချိန်နဲ့ သူအလုပ်သွားချိန်သည်အမြဲတိုက်ဆိုင်နေတတ်သဖြင့် အစဉ်သဖြင့် ရီဝေဝမ်းနည်းတတ်သော မျက်ရည်ဝန်းများအား ဂရုဏာသက်စွာဖြင့် နေ့တိုင်းနီးပါးငေးမောခွင့်ရခဲ့ပါ၏။ ဥက္ကာမှတစ်ဆင့်သိလာခဲ့သော သူမ၏ အကြောင်းအရာများမှာလည်း သူ့အားပို၍ စေတနာမိုး ဂရုဏာမိူးများရင်ထဲမှ တလဟောစီးဆင်းနေစေတော့သည်။ သူမလေး၏ ပုံပန်းသဏ္ဍန်မှစ၍ သူမလေး၏ အိမ်ပြန်ချိန် ကျောင်းလာချိန်များအားလည်း အချိန် နေ့ရက်နှင့်တကွ မှတ်သားငေးမောရသည်မှာသူ၏ အလုပ်တစ်ခုဖြစ်၍ လာလေတော့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးအားအပူကပ်ကာ သူမ၏ph noလေးအားတောင်းယူထားလိုက်ပါတော့သည်။ သူမဆီphခေါ်မည့်နေ၌ အဆမတန်ခုန်နေသောရင်ဘတ်အား လက်ဖြင့်ဖိကာ ငြိမ်သက်စေလိုက်ပြီး phခေါ်လိုက်မိတော့သည်။
" တီ တီ တီ..."
ဘတ်စ်ကားမှတ်တိုင်ကနေ အိမ်အပြန်လမ်း၌အတွေးနယ်ချဲ့ရင်းလျှောက်လာသောနွေးသည် သူမ၏ph ringtone မြည်လာသဖြင့်ကောက်ကိုင်လိုက်သည်။
"ဟုတ်ကဲ့ ပြောပါရှင်"
"တီချယ်နွေးလားခင်ဗျား" ဟုတဖက်မှ မေးလာသဖြင့် စာသင်ရန် ဆက်သွယ်လာသောphဟုထင်မှတ်လိုက်ကာ
"ဟုတ်ကဲ့ တီချယ်နွေးပါ ဘာကိစ္စရှိပါသလဲရှင်" ဟု တဖက်မှမေးလာသော အသံချိုချိုလေးအား ဘာပြန်ပြောရမလဲမသိ စကားလုံးများပျောက်ဆုံးနေသူမှာ တည်တံ့မောင်ပဲဖြစ်ပါတော့သည်။ အတန်ကြာမှ ကမန်းကတမ်းဖြင့်
"ဟုတ်ကဲ့ ကျွန်တော့်တူလေးအတွက် အင်္ဂလိပ်စာကျူရှင်အပ်ချင်လို့ပါ တီချယ်ကပြင်ပစာသင်ဝ်ုင်းတွေမှာလည်း စာလိုက်သင်တယ် ကြားလို့ပါခင်ဗျာ"

"ဟုတ်ကဲ့ရှင် ပြင်ပစာသင်ဝိုင်းတွေဆိူရင်တော့ ကျွန်မနဲ့အချိန်ညှိဖို့လိုပါ့မယ်ရှင် လောလောဆယ် ကျွန်မမှာက အတန်းချိန်တွေပြည့်နေလို့ပါ" ဟု ပြန်ပြောလာသော လေသံလေးအားကြည်နူးစွာဖြင့် နားထောင်ရင်း
"ဒါဆိုလည်း ကျွန်တော်နဲ့နောက်မှ အချိန်တွေပြန်ညှိပါဦးမယ် ဒီနေ့တော့ခွင့်ပြုပါဦးခင်ဗျာ" ဟုပြန်ပြောလိုက်လေရာ တဖက်မှ ဟုတ်ကဲ့ဟုဆိုကာ phချပစ်လိုက်ပါတော့သည်။ ထို့နောက် ရုံးခန်းစားပွဲ၌ ထိုင်ကာ မြနဲ့တူလွန်းသော နွေးဆိုသောအမျိုးသမီးလေးအကြောင်းအားတွေးနေမိပါတော့သည်။  စုံစမ်းခဲ့ရာမှသိရှိခဲ့သောသူမအကြောင်းအရာများမှတဆင့် သူမသည် မြကိုယ်စားဖြစ်တည်နေခဲ့ခြင်းမဟုတ်ပဲ သူနှင့်မြ မမွေးစဉ်ကပင် သူတို့ထက် အရှေ့ ၄နှစ်လောက်စောစီးမွေးခဲ့သူလည်းဖြစ်ခဲ့ပါသည်။ နုနယ်လွန်း ဖြူစင်ရိူးရှင်းလွန်းသော သူမပုံသဏ္ဍန်ကြောင့် "မမ" ဟုခေါ်ရန်ပင် သူဝန်းလေးနေမိပါတော့သည်။ သူများအကြောင်းများမှာရိူးရှင်းလှသဖြင့် စိတ်ဝင်စားဖို့မကောင်းလှသည့်တိုင်အောင် သူ့အတွက်တော့မရိုးနိုင် နားထောင်မဝနိုင်သောပုံပြင်သဖွယ် ဖြစ်ခဲ့ပါသည်။ ထိုနေ့မှစ၍ သူမအတွက် ဝန်ဖြစ်စေသောာ အရာများအား သူကူညီဖြေရှင်းရန် ခြေလှမ်းများစခဲ့ပါတော့သည်။ အရင်ဦးဆုံး သူမ၏အမေတက်နေသော ဆေးရုံကိုစုံစမ်းလိုက်ရာ သူတို့Blue Dragon Groupပိုင်သော ဆေးရုံဖြစ်နေမှန်းသိရသဖြင့် ရေကန်အသင့်ကြာအသင့်ဖြစ်လာပါတော့သည်။ သူမ မိခင်၏ ဆေးကုသမှုစရိတ်များအား ဖြေရှင်းပေးသူမှာ သူဖြစ်နေမှန်း သူမ လေးသိသွားပါက မည်သိူ့မည်ပုံဖြစ်သွားမည်ကိုလည်း သူတွေးမိရင်း နောက်ကွယ်မှ ဆေးရုံကုန်ကျစရိတ်များအားရှင်းသောအခါ သူ၏ မန်နေဂျာ ဥက္ကာနာမည်ဖြင့်သာ နာမည်ခံခိုင်းလိုက်တော့လေသည်။

ထိုရပ်ဝန်း၌အချစ်များသာရှင်သန်၏🪷Where stories live. Discover now