(အပိုင်း တစ်) နန်းမြတ်ဖူးဖူး

7.3K 19 1
                                    

- Hello

ဖုန်း screen တွင်ပေါ်ထွက်လာသော စာတမ်းကြည့်ရင်း ကိုကြီးပြုံးလိုက်မိသည်။ ဒီလို Hello များ၊ Hi များကိုခဏ၊ ခဏ တွေ့မြင်နေရသည်။ သူတို့ လိုအင်ဆန္ဒရှိရင် လာ Hi ကြပြီး ဆန္ဒပြည့်ရင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်သူများသည်။

နာမည်ကြည့်လိုက်တော့ "နန်းမြတ်"တဲ့၊ mirror selfies ပုံ profile picture နှင့် "နန်းမြတ်ဖူးဖူး" ဟု အမည်အပြည့်အစုံရေးထားသည်။ အော် အလည်လာကြပြန်ပြီ။ ပြီးရင်ပြန်ထွက်သွားကြဦးမည်။

သို့သော် မိမိကအိမ်ရှင်၊ သူကဧည့်သည်အနေဖြင့် Hello ဆိုတော့လည်း ဧည့်ဝတ်ကျေအောင်ပြန်ဆက်ဆံရမည်မဟုတ်ပါလား။

= Hi ဟုတ်ကဲ့
- စကားပြောလို့ရလား အကို

= ပြောပါဗျာ ရပါတယ်
- ညီမ သိချင်တာလေးတွေမေးလို့ရမလား
= မေးပါဗျာ
- အကို ညီမကို တမျိုးမထင်နဲ့နော် ပြီး
တော့ အထင်လည်းမသေးနဲ့
= ကောင်းပါပြီ နှစ်မျိုးထင်ပြီး အထင်
လည်းကြီးပါ့မယ်
- အကို Sex chat တယ်ဆိုတာ ဘယ်လို
မျိုးလဲဟင်

အဲစလာပြီ မသိသလိုလိုလုပ်ပြီး သူတို့လိုဘ ပြည့်အောင်ယူသွားကြတာချည်းပဲ။

= ညီမ ရည်းစားရှိလား
- ဟုတ်
= ရည်းစားနဲ့တွေ့တော့ ဘာတွေလုပ်ကြလဲ
- ရှင် ညီမတို့က အပြင်မှာ မတွေ့ဖူးဘူး လိုင်းပေါ်မှာပဲတွေ့ရတာ
= အမ် ဘယ်လိုဖြစ်
- တမြို့စီလေ အဝေးကြီး
= လိုင်းပေါ်မှာပဲ တွေ့တာဆိုရင် sex chat ဖြစ်တာပေါ့
- မဟုတ်ဘူး အကို အဲ့ဒီတုန်းက ညီမနားမလည်ဘူး အခုလည်း ပြတ်သွားကြပြီ
= ဟောဗျာ
- ဟုတ်တယ်အကို သူ့ညီမက ညီမတို့မြို့မှာ ကျောင်းလာတက်ရင်းညီမနဲ့ခင်သွားတာ သူက သူ့အကိုနဲ့ အောင်သွယ်လုပ်တာလေ အပြင်မှာ မတွေ့ဖူးဘူး။ သူ့ညီမကျောင်းပြီးလို့ပြန်သွားပြီး ညီမတို့လည်းအနေဝေးတော့ မတွေ့ဖြစ်ကြဘဲ ပြတ်သွားတာ။

ဒီလိုနဲ့တယောက်အကြောင်း တယောက်မေးရင်း စကားပြောဖြစ်ကြတယ်။ သေသေချာချာ ပြောကြည့်မှ sex ကိုတခါမှ မတွေ့ကြုံဘူး၊ မထိတွေ့ဘူးတဲ့ အင်နိူးစန့်ဘေဘီလေးဖြစ်နေတာရယ်။ ရည်းစားနဲ့ပြတ်မှ 18+ စာတွေဖတ်၊ porn တွေကြည့်တတ်လာပြီး သူ့ dark side ကိုသူသိလာတာ။

နန်းမြတ်ဖူးဖူး (That's My Angel)Where stories live. Discover now