(အပိုင်း တစ်ဆယ့်တစ်) ကိုကြီးဆီ ဖူးဖူးလာမည်။

3.2K 11 2
                                    

"ကိုကြီး"

စာဝင်လာသည့် အကောင့်ကိုကြည့်လိုက်တော့ ကိုကြီးမသိ။ ပြန်ပြောချင်စိတ်မရှိ၍ ဒီအတိုင်းကြည့်နေလိုက်သည်။

"ဖူး ပါ ကိုကြီး"

ဟာ
ကိုကြီးရင်ထဲဒိတ်ခနဲလှုပ်ခတ်သွားသည်။ ဝမ်းသာလွန်းလို့ ရုတ်တရက် ပြန်မပြောနိုင်။ ဝေးပြီထင်ထားသောဖူးကို ပြန်တွေ့ရတော့ စိတ်လှုပ်ရှားရပြီလေ။

"ဖူးရယ်
ကိုကြီးတို့မတွေ့ကြတော့ဘူးထင်နေတာ"

"ဖုန်းပျောက်သွားလို့လေ
ကဒ်ပြန် လျှောက်တာနဲ့ ဖုန်းအသစ်ပြန်ဝယ်ရတာနဲ့ အလုပ်တွေရှုပ်သွားတာ
ပြီးတော့ ကိုကြီးအကောင့်ကို မနည်းပြန်ရှာရတာ"

"လွမ်းလိုက်တာဖူးရယ်
ကိုကြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာ"

ဒီလိုနဲ့ အဆက်အသွယ်ပြန်ရ။ အလွမ်းတွေသယ်ကြ။ စကားတွေပြောကြရင်း သံယောဇဥ်တိုးသထက်တိုးလာကြသည်။

ဒီနောက်ပိုင်း sex chat  ခြင်းကို သိပ်မလုပ်ဖြစ်ကြပါ။ လက်တွေ့ ခံစားပြီးကြပြီဖြစ်လို့ စာတွေ့နဲ့အားမရ၊ အသံဖြင့်၊ ပုံနှင့် အာသာမပြေဖြစ်လာကြသည်ထင်၏။

ထို့ကြောင့် တယောက်အကြောင်းတယောက်ပြောကြရင်း၊ တိုင်ပင်စရာရှိ တိုင်ပင်ကြရင်း၊ ရင်ဖွင့်စရာရှိ ရင်ဖွင့်ကြရင်း၊ ဖူးဖူငိုရင် ကိုကြီးချော့သည်။ ကိုကြီးစိတ်ညစ်ရင် ဖူးဖူးအားပေးသည်။ လူခြင်း တနယ်စီဝေးနေကြပေမယ့် စိတ်ခြင်းကတော့ နီးသထက်နီးလာကြသည်။

တနေ့ ဖူးဖူးစာပို့ထားသည်။

- ကိုကြီးဘယ်အချိန်အားမလဲ ဖူးပြောစရာတွေရှိတယ် အေးဆေးပြောချင်တယ် ညဖက်စောတက်ခဲ့နော်

ကိုကြီးအတွေးတွေများရပြန်ပြီ။ ဖူးဖူးဘာများဖြစ်သလဲ။ ဘာအခက်အခဲတွေ့လဲ။ အလုပ်ကိစ္စလား။ မိသားစုအကြောင်းလား။ ကိုယ်တွေနှစ်ယောက်နဲ့များပတ်သက်နေသလား။ စာတွေ့ရသည်နှင့် စိတ်တွေပူပြီး သိချင်စိတ်တို့ကပိုလာသည်။ အလုပ်လုပ်နေရင်း လိုင်းခဏ၊ ခဏ တက်ကြည့်သည်။ဖူးကို လုံးဝမတွေ့။ စိုးရိမ်စိတ်တို့က တိုးသထက်တိုးလာနေပြီ။

ရုံးဆင်းသည်နှင့်အိမ်အမြန်ပြန် အလုပ်ရှိသည်ဆိုကာ အခန်းထဲမှမထွက်တော့ဘဲ ဖူးဖူးလိုင်းအတက်ကိုစောင့်နေမိတော့သည်။

- ကိုကြီး

= ဖူးရယ်
မျှော်နေတာ ဘာတွေဖြစ်လို့လဲ
စိတ်တွေပူလိုက်တာကွာ

- ဖူးစိတ်ညစ်တယ် ဘာလုပ်ရမှန်းမသိတော့ဘူး

= ဘာလို့လဲ ဖူး
ပြောပါ ကိုကြီးကို အကုန်ပြောပြ

- ဖူးကို အိမ်ကယောကျာ်းပေးစားတော့မယ်

= ဟာ ဖူးဘယ်လိုလုပ်မလဲ ဖူးမငြင်းဘူးလား

- ငြင်းတာပေါ့ ကိုကြီးရယ် မရဘူး သူတို့စကားနားမထောင်ရင် အပြတ်ပဲတဲ့

= မဟုတ်တာ ဖူးရယ်

- ဖူး အိမ်ထောင်မပြုချင်သေးဘူး
လွတ်လွတ်လပ်လပ်နေချင်သေးတယ်
အိမ်ကလူကြီးတွေကလည်း ဘာဖြစ်ချင်နေမှန်းမသိဘူး

= ကိုကြီးတို့အကြောင်းပြောပြလိုက်လေ

- အမ် ဘာလို့လဲ
ဖူးတို့က sex partner တွေလေ
Sex for marriage မှ မဟုတ်တာ

= ဘယ်လို ဖူး

- ဟုတ်တယ်လေ ဖူးက partner ပဲထားချင်တာ အိမ်ထောင်ပြုချင်တာ မဟုတ်ဘူး စားစော်ကြီးလုပ်ပြီး ဘဲတွေကိုပတ်စားဦးမှာ ဟီး... ဟီး...

= ဖူးနော်
ပေါက်ကရတွေပြောမနေနဲ့

- တကယ်ပြောတာ
ကိုကြီးတော့မသိဘူး
ဖူးကိုကြီးကို မချစ်ဘူး partner အဖြစ်တော့ သံယောဇဥ် ရှိပါတယ်

= ဖူး
ဘာတွေလဲကွာ
ကိုကြီး နားမလည်တော့ဘူး

- ဖူးပြောချင်တာ ကိုကြီးဖူးကိုအလုပ်ရှာပေး ဖူးအိမ်ကထွက်ခဲ့မယ် အဆောင်မှာနေပြီး အလုပ်လုပ်မယ် ယောကျာ်းတော့မယူချင်ဘူး

= ဖူးရယ်
ကိုကြီးဖူးကို အဆုံးအရှုံး မခံနိုင်ဘူး

- ဟား... ကိုကြီးနော် တကယ်ရီရတယ်
ဖူးနဲ့ကိုကြီးက partner တွေလေ
ကိုကြီးလိုရင်ဖူးရှိတယ်
ဖူးလိုရင် ကိုကြီးရှိတယ် ပြီးပြီမလား
ဘာလဲ...
ကိုကြီးဖူးကို ချစ်နေတာလား အေးအေးနေပါ ကိုကြီးရယ် အပူမရှာပါနဲ့

= ကိုကြီး ဘာပြောရမှန်းမသိတော့ဘူး

- ဘာမှမပြောနဲ့ ဖူးပြောသလိုသာလုပ်
ကိုကြီး အလုပ်ရှာပေးထား ဖူးလာခဲ့မယ်
ကိုကြီးမလုပ်ပေးရင် တခြားလူကို ခိုင်းလိုက်မယ်နော်

= ဖူး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့
ကိုကြီးစဥ်းစားပြီးစီစဥ်ပါ့မယ်

- အဲဒါဆိုပြီးရော
ကိုကြီး စီစဥ်စရာရှိတာ စီစဥ်ပြီးရင် ဖူးကိုပြော လာခဲ့မယ်

ဟူး....
ကိုကြီးစိတ်တွေထပ်ရှုပ်ရပြန်ပါပြီ။ ဖူးဘာတွေလုပ်နေတာလဲ။ ကိုကြီးရော ဘာလုပ်ပေးရမလဲ။ ဘာလုပ်သင့်လဲ။

နန်းမြတ်ဖူးဖူး (That's My Angel)Where stories live. Discover now