(အပိုင်း တစ်ဆယ့်နှစ်) ပြန်လည်ဆုံတွေ့ကြသောအခါ

3.9K 16 5
                                    

မနက်အစောကြီး Express ကားဖြင့်ရောက်လာသော ဖူးဖူးအား ကိုကြီးကြိုလာခဲ့သည်။ မတွေ့ဖြစ်သည့်ကာလအနည်းငယ်အတွင်း ဖူးဖူးပိန်သွားသလိုပင်။ စိတ်ရှုပ်စရာတွေများလို့ဖြစ်မည်ထင်သည်။

အိမ်ရာတစ်ခု၏ တိုက်တစ်တိုက်ရှေ့တွင် ကိုကြီးကားကိုရပ်လိုက်သည်။

"လာ ဖူးဖူး
ဖူးနေရမှာ ဒီတိုက်ခန်းပဲ"

ကိုကြီးပြောပြော ဆိုဆိုဖြင့် ဖူးဖူး luggage ကိုယူလိုက်သည်။

"အာ ကိုကြီးကလည်း
ဖူးသယ်ပါ့မယ်"

ပြန်တောင်းယူသော်လည်း ကိုကြီးမပေး။ လှမ်းလာသည့် ဖူးဖူးလက်ကို ကိုင်ရင်း တဖက်က luggage ကိုဆွဲကာ ဓါတ်လှေခါးထဲဝင်လိုက်သည်။

နံပါတ် 7 ခလုပ် ကိုနှိပ်လိုက်ရင်း -

"အထပ်မြင့်ဆိုတော့ ရှုခင်းလည်းလှတယ်
လေကောင်းလေသန့်လည်းရတယ်
ဆူညံသံလည်းကင်းတယ်
ဖူး ကြိုက်မှာပါ"

ကိုကြီးစကားကို နားထောင်ရင်း ဖူးဖူး ကိုကြီးမျက်နှာကိုမော့ကြည့်မိသည်။ သူလုပ်ချင်တာလုပ်ရလို့ ကျေနပ်နေသည့်မျက်နှာမျိုးဖြင့် ကိုကြီးမှာ တကယ့်ခလေးတစ်ယောက်လိုဖြစ်နေသည်။
ဓါတ်လှေကားမှထွက်ပြီး အခန်းရှေ့တွင်ကိုကြီးရပ်လိုက်သည်။ ထို့နောက် သော့ခတ်ထားသည့် ဘာဂျာတံခါးမှသော့ကိုဖွင့်သည်။

"အခန်းမှာ ဘယ်သူမှ မရှိကြဘူးလား"

ဖူးဖူးမေးသည်ကို မဖြေဘဲ ဘာဂျာတံခါးကိုဆွဲဖွင့်လိုက်ပြီး မိန်းတံခါး door lock အားလှည့်ဖွင့်ရင်း အခန်းထဲဝင်လိုက်သည်။

ဝင်ဝင်ခြင်းဧည့်ခန်းတွင် ဆိုဖာဆက်တီတစ်စုံရှိပြီး အခန်းထဲတွင်လည်း အိမ်ထောင်ပရိဘောဂအစုံအလင်နှင့်ဖြစ်၍ ဖူးဖူး အံအားသင့်သွားသည်။

"အဆောင်မှာဆို ဖူးမနေတတ်မှာ စိုးလို့ ဒီအခန်းငှားလိုက်တာ ၆လချုပ်နဲ့လေ fully furniture နဲ့ဆိုတော့ ဈေးနည်းနည်းများသွားတယ်
ဒါပေမယ့် ကိစ္စမရှိပါဘူး ဖူးအဆင်ပြေဖို့အရေးကြီးတယ်လေ"

ကိုကြီးစကားအဆုံးတွင် -

"ကိုကြီး ဖူးကိုကြိုမပြောဘဲ ဘာလို့ဒီလိုလုပ်ရတာလဲ
ဘာလဲ...
ကိုကြီးက ဖူးကို အမ်းတာလား
ဖူးမကြိုက်ဘူး
ကိုကြီး ဖူးကိုအမ်းစရာမလိုသလို
ဖူးလည်း ကိုကြီးကို မအမ်းဘူး...
ဖူးတို့ပတ်သက်မှုမှာ ငွေကြေးတွေ.. တန်ဖိုးတွေမပါဘူးလေ
ကိုကြီး ဘာတွေလုပ်နေတာလဲ"

နန်းမြတ်ဖူးဖူး (That's My Angel)Where stories live. Discover now