(အပိုင်း လေး) ဒုတိယအကြိမ်တွေ့ကြပြီ။

5.1K 14 0
                                    

ပြန်သာပြန်လာရသည် ကိုကြီးမှာနေမထိထိုင်မသာ။ ဘာကို အပြစ်ပုံချလို့ချရမှန်းမသိပါ။ ဝင်ခါနီးတွင်းပျောက်သည့် မြွေအဖြစ်လို၊ အိမ်မြှောင်အမြှီးပျက်ဘဝလို၊ ဟာတာတာဖြစ်နေရသည်။ ငယ်စဥ်အချိန်တွေတုန်းက ခွေးနှစ်ကောင်မိတ်လိုက်ပြီးပူးနေလျင် ကိုကြီးတို့ ခလေးတသိုက် ခြောက်လှန့်မောင်းပြီး အပူးပြုတ်အောင်လုပ်ခဲ့ဖူးကြသည်။ ဘာရယ်မဟုတ် အပျော်သက်သက်လုပ်မိခဲ့သည့်အဖြစ်သည် ယခုလို တန်ပြန်အကျိုးပေးမည်မထင်ခဲ့ပါ။ ကိုယ့်အလှည့်ကျမှ ခဲလေသမျှ သဲရေကျရသည်။

ဖူးဖူးလည်း အလိုက်သိစွာ ကိုကြီးအား ချော့ပါသည်။ ကိုကြီးစား ဆိုတာချည်းပင်။ သူစားမည်မဆိုရှာတော့။ ကိုကြီးဖူးကို အဝစား၊ ဘယ်လိုစားချင်သလဲ၊ ဖူးဘယ်လိုနေပေးရမလဲဖြင့် အလိုလိုက်ပါသည်။

တကြိမ်လက်လွတ်ခဲ့ဖူးသူ ကိုကြီးအနေဖြင့် နောက်တကြိမ်ဆိုရင် မလွဲရအောင်၊ ဘယ်လိုအပိုင်စီစဥ်ရမလဲ၊ အကြံထုတ်နေသည်။ ဒီတကြိမ်တွေ့ရင် ဖူးဖူးကို feel ဆေးတိုက်ပြီး စိတ်ပါအောင်လုပ်ရမလား။ ဒါမျိုးလည်း မလုပ်ချင်ပါ။ နှစ်ယောက်လုံး feel ဖြစ်အောင် ကိုယ့်အစွမ်းအစနှင့်ကိုယ် နူးနှပ်သိမ်းသွင်းလိုသည်။ ကိုယ့်ပြုစုမှုသည် ဖူးဖူးအတွက်စက္ကန့်တိုင်းကို ခံစားစေချင်သည်။ ဒီလိုနိုးဆွပေးခြင်းမျိုးကလည်း ကိုကြီးအတွက် ပြန်လေ့ကျင့်စရာမလိုအောင်ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ အရေးကြီးတာက ဖူးဖူးနှင့်အပြင်မှာ လက်တွေ့ဆုံဖို့ပင်။ တွေ့ချင်ပြီဖူးဖူးရေ။ ကိုကြီးရအောင်ကြံမယ်ကွာ။

ဒီလိုနဲ့ ရုံးပိတ်ရက်(၃) ရက်ပိတ်ကြုံသည့်လတွင် ဖူးဖူးဆီသွားဖို့ကိုကြီးစီစဥ်ပါတော့သည်။ ဆရာ့ကို အိမ်ရဲ့မိသားစုကိစ္စ ခရီးသွားဖို့ရှိသည်ပြောပြီး၊ အိမ်ကိုတော့ဆရာမှ အလုပ်ခိုင်း၍ သွားရမည်ဟု မုသားတွေသုံးလိုက်ရသည်။ မတတ်နိုင် ဒီလိုမကြံရင်တွေ့ဖို့မလွယ်ပါ။
အခုတကြိမ်တွင်တော့ လေယာဥ်နှင့်မသွား၊ Express လည်းမစီးဘဲ၊ ကိုယ်တိုင်ကားမောင်းသွားမည်ဖြစ်သည်။ ကိုကြီးမှာ အကြံဖြင့်ကားယူသွားခြင်းဖြစ်သည်။ ခြေထောက်ပါမှ စိတ်လိုရာကိုယ်သွားနိုင်မည်ဖြစ်သည့်အပြင် အထက်ဖော်ပြသလို အကြံလည်းရှိပါသည်။
မသွားခင်ဖူးကိုသေချာအောင်လုပ်ရဦးမည်။ ဒီတခါအလွဲမခံနိုင်ပါ။
= ဖူးရေ အဖွားကျန်းမာရေးကောင်းတယ်နော်
- ကောင်းတယ်လေ ကိုကြီး ဘာလို့လဲ

နန်းမြတ်ဖူးဖူး (That's My Angel)Where stories live. Discover now