Can I be the one? ♡ 8 ♡

511 82 24
                                    

Part 8

ဂျောင်ဂု ထိုလူ့အား အနုပညာအလုပ်ကို ဆက်လုပ်ခွင့် မပေးနိုင်ပါ။ ကင်မ်ယယ်ဂျင်းမလုပ်လိုက်နိုင်သည့် အလုပ်ကို ကင်မ်ဆော့ဂျင်အား ပျော်ပျော်ကြီး လုပ်ခွင့်ပေးနေရလောက်အောင်အထိ သူသဘောထားမကြီးနိုင်ပေ။
အစက ဒီကိစ္စကို ချက်ချင်းကြီးပြောဖို့ အစီအစဉ်မရှိပေမယ့် လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှ ဂျွန်ဟိုပို့လာသည့် ပုံတွေနှင့် သတင်းတွေကြောင့် သူ ဒီလောက်မြန်မြန် ထိုလူ့အား သူ့သဘောထားကို  ပြောပြလိုက်ရခြင်း။

" ကိုယ်ကတော့ ဆက်လုပ်ရမှာပဲ "

ကင်မ်ဆော့ဂျင်က အမြဲသူ့ကို ကန့်လိုက်တိုက်နေရမှ နေသာထိုင်သာရှိပုံပဲ။
သူ့အနုပညာကြေးက ဘယ်လောက်ရှိလို့ အဲ့လောက်တောင် ဖြစ်ပျက်ပြနေရတာလဲ။
စောနက ပြုံးပြုံးရယ်ရယ်နှင့် ရေကူးတတ်ချင်ကြောင်းပြောနေသည့် ကင်မ်ဆော့ဂျင်မဟုတ်တော့ဘူးပဲ။
ဂျောင်ဂုစိတ်ထင် ထိုလူ နှုတ်ခမ်းတွေ တုန်ရီနေသည်ဟု ထင်မိသည်။သူ့စကားကို လုံးဝလက်မခံနိုင်ကြောင်း စူးစူးရဲရဲ မျက်ဝန်းတစ်စုံက သက်သေထူနေလေ၏။အလကား သူ့စကားကို လွန်ဆန်ရဲတဲ့သတ္တိ ထို့လူ့ဆီမှာရှိနေရင်တောင် သူက ရိုက်ချိုးပစ်အုံးမှာ။

" ခင်ဗျားဆန္ဒကို မေးနေတာမှမဟုတ်ဘဲ
ကျုပ်က ခွင့်မပြုရင် ခင်ဗျား ကိုယ့်သဘောနဲ့ကိုယ် သေပိုင်ခွင့်တောင် ရှိမနေဘူး ကင်မ်ဆော့ဂျင် "

ဂျောင်ဂု ထို့လူ့မျက်ဝန်းတွေကို သေချာလေးစိုက်ကြည့်ပေးလိုက်ပြီး သူ့စိတ်ကို အတိအလင်းကြေညာပေးလိုက်၏။ကင်မ်ဆော့ဂျင်က အခုလိုဆက်ဆံပေးနိုင်မှ တန်ကာကျတာ။ မဟုတ်ရင် သူ့ကို မထိထထိဆက်ဆံနိုင်လွန်းလို့။

" လက်ထပ်လိုက်တာနဲ့ ကိုယ့်ကို မင်းစိတ်ကြိုက်ခြယ်လှယ်လို့ရမယ်လို့ ထင်နေပုံပဲ "

" ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ချင်လို့ ငွေတွေအများကြီးပေးပြီး လက်ထပ်ထားတာလေ
ခင်‌ဗျားမသိတာလည်း မဟုတ်ဘဲနဲ့ အဟက် "

ဆော့ဂျင် သူ့ရှေ့က ကောင်လေးကို တော်တော်လေး စိတ်ပျက်မိပါသည်။ဂျွန်ဂျောင်ဂုရဲ့ လှောင်ရိပ်သန်းနေသည့်ရယ်သံကအစ အထင်သေးမှုတွေပြည့်နှက်နေသည့် မျက်ဝန်းတွေ အဆုံး ဆော့ဂျင် အကုန်လုံးကို စိတ်ပျက်မိသည်။
သူ့ဘက်က အတတ်နိုင်ဆုံး အဆင်ပြေအောင်နေဖို့ စဉ်းစားမိပေမယ့် ‌ဂျွန်ဂျောင်ဂုက သူ့ကို အေးအေးဆေးဆေးနေခွင့် မပေးနိုင်ဘူးဘဲ။

Can I be the one? ♡ KookJin ♡Where stories live. Discover now