Part 14
ဂျွန်ဂျောင်ဂု လက်မောင်းကို တွဲခိုထားသည့် ဂရေ့စ်၏ လက်လှလှလေးများဟာ ဆော့ဂျင်မျက်လုံးထဲတွင်တော့ တော်တော်လေးအကျဉ်းတန်လွန်းလှ၏။
ရိုက်ကူးရေး အစကနေ အဆုံးထိကို တစ်ဖဝါးမှ မခွါဘဲ ဂရေ့စ်အနားမှာရှိနေသည့် ဂျွန်ဂျောင်ဂုကို ဆော့ဂျင် ကြည့်လို့ရမနေပါ။" မင်းသား မင်းသမီးကို ဒီထက်ပိုကြင်ကြင်နာနာလေးဖြစ်အောင် ကြည့်ပေးနှော်
နှစ်ယောက်သားက အရင်ကားတုန်းက ဒီလောက်အပေးအယူမျှတာကို အခုကျ သိပ်အသက်မပါသလိုပဲ "" ကိုယ် ကြိုးစားပါ့မယ် "
ဆော့ဂျင်တို့ Shooting ခဏနားနေသည့်အချိန်တွင် ဒါရိုက်တာကိုယ်တိုင် ဆော့ဂျင်ကို လာပြောခြင်းဖြစ်သည်။
ဆော့ဂျင်ရင်ထဲ ဗလောင်ဆူနေတာ ဆော့ဂျင်ပဲ သိသည်မဟုတ်ပါလား။
ဂျွန်ဂျောင်ဂုက မလုပ်ဖို့ အတိအလင်းအမိန့်ထုတ်ထားသည့် ကိစ္စကို ဆော့ဂျင်က လွန်ဆန်းထားသည်လေ။ဒါ့အပြင် အခုလိုထိပ်တိုက်ကြီးပါ လာတိုးနေရသည့်အဖြစ်။
သူ ဒီပြသာနာကို ဘယ်လိုများ ဖြေရှင်းရပါ့မလဲ။" ဂျင့်အမျိုးသားက ဘာအချိုးချိုးနေတာလဲ အခု "
" ထားလိုက်ပါ "
" အစ်ကို့အမျိုးသားက မင်းသမီးဘေးနားက လူလား အဲ့တာ ဂျွန်လုပ်ငန်းစုရဲ့ ဆက်ခံသူမလား "
ဂျွန်ဂျောင်ဂုတို့နှစ်ယောက်ကို စားမတက်ဝါးမတက် ကြည့်နေသည့် လီလီကြောင့် ထယ်ယောင်းက ဂျွန်ဂျောင်ဂုကို သူ့အမျိုးသားမှန်း ချက်ချင်းရိပ်မိလိုက်သည်ထင်သည်။
ဆော့ဂျင်ကတော့ ဂျောင်ဂုတို့နှစ်ယောက်ရှိသည့် နေရာကို ယောင်လို့တောင် မကြည့်ဖြစ်ပေ။
စိုးရိမ်စိတ်နှင့် ပူလောင်မှုတို့က ပေါင်းစီးကာ ဆော့ဂျင်ကို တိုက်ခိုက်နေသလို ခံစားရ၏။" ဘာကို ထားရမှာလဲ ဂျင်ရဲ့
အဲဒီမိန်းမက ဂျင့်အမျိုးသားက သူ့အပိုင်ပါလို့ ဂျင့်ရှေ့မှာ ပြောခဲ့တာလေ
အခုကျ ပေါ်တင်ကြီးကို Shooting အထိခေါ်လာတာလေ
ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်လဲလို့ တကယ်စိတ်တိုစရာပဲ "" ကိုယ် ပြသာနာတွေ မတက်ချင်လို့ပါ လီလီရယ်
ကိုယ် အဆင်ပြေပါတယ် "
YOU ARE READING
Can I be the one? ♡ KookJin ♡
Fanficရိုးတွင်းခြင်ဆီအထိ စိမ့်နေအောင် မုန်းနေရင်လည်း အနည်းဆုံးတော့ ကိုယ်နဲ့ မပတ်သတ်ဘဲနေရမှာပေါ့။ အခုလို မင်း အမုန်းကြီးမုန်းနေတဲ့ ကိုယ်နဲ့ တစ်မိုးအောက်တည်းမှာ အတူတူနေရတာကို သဘောကျနေတာတော့ မဟုတ်ဘူးမလား။ ...