Part 7
ခါးအောက်ပိုင်းကို တဘက်တစ်တည်းသာပတ်ထားပြီး အပေါ်ပိုင်းဗလာဖြစ်နေသည့်လူကြောင့် ဂျောင်ဂု ဒေါသတွေ ဘယ်ပျောက်လို့ ပျောက်ကုန်မှန်းတောင် မသိတော့ပေ။ဂျောင်ဂု ကပျာကယာ လက်ထဲရှိအိတ်နှင့် မျက်နှာကို ကာလိုက်မိ၏။
ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။" ဝင်မလာခင် တံခါးခေါက်ပါလို့ ကိုယ် ဘယ်နှစ်ခါပြောရမှာလဲ "
" ခန္ဓာကိုယ်နဲ့ အဝတ်အစားမကပ်နိုင်လောက်အောင် အလုပ်ရှုပ်နေတာလား "
ယောကျ်ားချင်းဆိုပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးက အဲ့သလောက်ရိုးရှင်းမနေဘူးလေ။
ဒါကို ဒီလူ သက်သက်မဲ့ စည်းမရှိတာ။
ထိုလူ့ပုံစံက အခုမှ ရေချိုးပြီးသည့် ပုံလည်း မပေါက်ပေ။ ဒီတိုင်း တမင်တကာကို ဘာမှမဝတ်ဘဲနေနေတာ။သူ တစ်ယောက်တည်း နေနေသည့် အခန်းများ မှတ်နေလားမသိ။" ကိုယ့်ဘာသာ ဘယ်လိုနေနေလေ
အခြေခံ လူ့ကျင့်ဝတ်လေးတောင် မရှိတာ မင်းက "ထိုလူက တစ်ပြန်ကြီး ဂျောင်ဂုကို ရန်တွေ့ကာ အဝတ်ဗီရိုကို ဆွဲဖွင့်၍ အဝတ်အစားရှာနေလေသည်။ ဘာလဲ ဒီလူ ဘယ်တုန်းက အဝတ်အစားတွေ သယ်လာတာလဲ။
သူ့ အဝတ်ဗီရို တစ်ဝက်လောက်က ထိုလူ့ အဝတ်အစားတွေ ပြည့်နှက်နေသည်မို့ ဂျောင်ဂု ပါးစပ်အဟောင်းသားပင် ဖြစ်သွားရ၏။
ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ ဒီလူ။" ကျုပ်အဝတ်အစားတွေ နေရာကြပ်သွားပြီလေ ဘာကိစ္စ ခင်ဗျားဟာတွေ ကျုပ်ဗီရိုထဲ အတင်းထိုးသိပ်ထားတာလဲ "
ကင်မ်ဆော့ဂျင်ရဲ့ ချောမောပြေပြစ်လွန်းလှသည့် ကျောပြင်က သူ့အတွက် မျက်စိဆံပင်မွှေးစူးစေသည်မို့ ထိုလူ့ကို ကျောပေးကာ ပြောလိုက်ခြင်း။
သူက ထိုမျှလောက် သဘောထားသေးသိမ်သည့်သူ မဟုတ်ပေမယ့် ကင်မ်ဆော့ဂျင်နှင့် ပတ်သတ်လျှင်တော့ သေးသိမ်သင့်ရင် သေးသိမ်ရပေမည်။ ဒါမှ ဒီလူ စိတ်ဆင်းရဲရမှာ မဟုတ်လား။
သူကိုယ်တိုင်ကလည်း ထိုလူရဲ့ စိတ်ဆင်းရဲခြင်းကို လိုလားတောင့်တတာမို့ ဘာလူသားဆန်မှုမှ ထားနေစရာမလိုပေ။" မဟုတ်ရင် အဝတ်ဗီရိုသပ်သပ် ဝယ်ပေးလေ
ကိုယ့် အင်္ကျီတွေကို ဒီတိုင်း အိတ်ထဲထည့်ထားလို့ မဖြစ်လို့ မင်းကို ခွင့်မတောင်းဘဲ ထည့်ထားလိုက်တာ "
YOU ARE READING
Can I be the one? ♡ KookJin ♡
Fanficရိုးတွင်းခြင်ဆီအထိ စိမ့်နေအောင် မုန်းနေရင်လည်း အနည်းဆုံးတော့ ကိုယ်နဲ့ မပတ်သတ်ဘဲနေရမှာပေါ့။ အခုလို မင်း အမုန်းကြီးမုန်းနေတဲ့ ကိုယ်နဲ့ တစ်မိုးအောက်တည်းမှာ အတူတူနေရတာကို သဘောကျနေတာတော့ မဟုတ်ဘူးမလား။ ...