Part 17
ရှည်လျားလွန်းသည့် အနမ်းခရီးအဆုံး၌မူ ဆော့ဂျင် ဂျွန်ဂျောင်ဂု၏ ရင်ဘတ်အား လက်ဖြင့် အသာအယာတွန်းဖယ်မိ၏။သို့သော် အဝတ်အစားကင်းမဲ့နေသော ထိုကောင်လေး၏ ရင်အုံဆီမှ သူ့လက်တွေကို မဖယ်ခွါမိတော့။သူ့လက်များကို ထိုရင်ဘတ်ဖွေးဖွေးပေါ်တွင် အနည်းငယ် ပွတ်သပ်ဆော့ကစားလိုက်မိသေး၏။သူ့ရဲ့လှုပ်ရှားမှုများကြောင့် ဆော့ဂျင် လည်ဂုတ်ပေါ်ရှိ ထိုကောင်လေး၏ လက်များဆီမှ တင်းကြပ်လာသော အထိအတွေ့ကို ဆော့ဂျင် ခံစားမိ၏။
" မင်း... ယောက်ျားတစ်ယောက်နဲ့ အတူတူမနေဖူးဘူးမလား "
" ဘာကွာလို့လဲ "
ရုတ်တရက် သူ့နှုတ်ခမ်းတွေဆီသို့ ဦးတည်လာပြန်သည့် ထိုကောင်လေး၏ အနမ်းကို ဆော့ဂျင် တစ်ဖက်သို့ လှည့်ကာ ရှောင်မိ၏။ ထိုအခါ မူလဦးတည်ချက်ပျက်သွားသည့် အနမ်းများဟာ ရပ်တန့်မသွားတော့ဘဲ သူ့ လည်တိုင်ကြော့ကြော့ဆီသို့ ဆင်းသက်ပြန်လေ၏။
" အင်းးး.. အတွေ့အကြုံမရှိတဲ့ မင်းကို ကိုယ် ဦးဆောင်ခွင့်ပြုနိုင်ဘူး ဂျောင်ဂု "
သူ့ရဲ့ အထိမခံတဲ့နေရာက လည်ပင်းဖြစ်တာမို့ ဆော့ဂျင် ထိုကောင်လေး၏ ပြင်းရှရှ အနမ်းများကြောင့် ခွေလဲတော့မတက်။
သတိမထားမိပါဘဲ ထိုကောင်လေး၏ ဆံပင်များကို ထိုးဖွနေမိပြန်၏။ရူးတော့မှာပဲ။" ခင်ဗျား ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ သာယာမှုမျိုး ကို ကျုပ်က ပေးမှာ "
သူ့ အင်္ကျီကြယ်သီးလေးတွေကို ရန်မူရင်း ဆိုလာသည့် ဂျွန်ဂျောင်ဂု၏ စကားကြောင့် ဆော့ဂျင် ပြုံးမိသွား၏။သူ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ သာယာမှုမျိုးတဲ့။ အပြောကြီးလှချည်လား ဂျွန်ဂျောင်ဂုရဲ့။
" အထင်ကြီးလှချည်လား "
ဆော့ဂျင် ထိုကောင်လေး၏ အဖုအထစ်အပြည့်နှင့် ဗိုက်ကြွက်သားတစ်လျှောက် လက်ထိပ်ကလေးများဖြင့် အသာအယာထိတို့ရင်း လှစ်ခနဲပြုံးလိုက်မိ၏။တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။
" ခင်ဗျားရဲ့ အရာရာကို ကျုပ်ပိုင်ချင်တယ်
ခင်ဗျား ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကအစ သာယာမှုအပြည့်နဲ့ လွှင့်ပျံလာမယ့် ခင်ဗျားရဲ့ အော်ငြီးသံတွေ အဆုံး
အကုန်လုံး ကျုပ်ပဲ ပိုင်ချင်တာ "
YOU ARE READING
Can I be the one? ♡ KookJin ♡
Fanfictionရိုးတွင်းခြင်ဆီအထိ စိမ့်နေအောင် မုန်းနေရင်လည်း အနည်းဆုံးတော့ ကိုယ်နဲ့ မပတ်သတ်ဘဲနေရမှာပေါ့။ အခုလို မင်း အမုန်းကြီးမုန်းနေတဲ့ ကိုယ်နဲ့ တစ်မိုးအောက်တည်းမှာ အတူတူနေရတာကို သဘောကျနေတာတော့ မဟုတ်ဘူးမလား။ ...