Part 3
21.8.2024
" ညက တစ်ညလုံး မအိပ်ပြန်ဘူးလား ဂျင်ရယ်
အိပ်ရေးဝဝ အိပ်ဖို့ ပြောထားရက်သားနဲ့ Lily စကားဆို အမြဲတမ်းနားမထောင်ဘူး တကယ်ပါပဲ "ကားနောက်ခန်းတွင် မရွှင်မလန်းမျက်နှာလေးနှင့် မှေးနေသည့် ဆော့ဂျင်အား Lily ဆူနေမိခြင်း။
မင်းသားနှင့် မန်နေဂျာဆက်ဆံရေးဆိုပေမယ့် lily တို့က တကယ်ကို မောင်နှမအရင်းချာတွေလိုပင်။" ကိုယ် အဆင်ပြေပါတယ်
ခေါင်းနည်းနည်းကိုက်နေရုံပါပဲ "" မနက်ဖြန်ကစပြီး ကြော်ငြာတွေ စရိုက်ရတော့မှာ သိတယ်မလား
Series ရိုက်နေတုန်း အကြာကြီးစောင့်ခိုင်းထားရတဲ့ အလုပ်တွေ အကုန်ပြီးသတ်ရမယ်နှော် "" အင်းပါ ကိုယ်သိပါတယ် "
" ရော့ ဒါလေးသောက်ထား မနက်စာလည်း ဘာမှစားမထားဘူး တကယ်အရမ်းခေါင်းမာတာပဲ "
Lily ကမ်းလာသည့် အချိုရည်ဘူးကို လှမ်းယူကာ ဆော့ဂျင် Lily စိတ်ကျေနပ်အောင် တစ်ငုံလောက် သောက်လိုက်ရ၏။
မဟုတ်ရင် အဖွားကြီးတစ်ယောက်လို ပူညံပူညံလုပ်လို့ ပြီးမှာမဟုတ်တော့ပေ။" ကိုယ့်ကို ဒီည လာမခေါ်နဲ့တော့နှော်
ကိုယ့်ဘာသာ ပြန်လာခဲ့မယ် "" ဖြစ်ပါ့မလား ဂျင်ရယ် "
" ဖြစ်ပါတယ် ကိုယ် ကလေးမဟုတ်တော့ပါဘူး "
" စိတ်ပြောင်းသွားရင်တော့ ချက်ချင်း ဖုန်းခေါ်လိုက်နှော် "
" အင်းပါ "
မိသားစုဝင်တွေနဲ့ အဆင်မပြေသည့် သူက အိမ်မှာ ညပါအိပ်မည်ဟု ထင်သွားပုံရကာ စိုးရိမ်သွားသည့် Lily ပါပင်။
Lily က Ladyboy တစ်ယောက်ဖြစ်ပြီး ဆော့ဂျင်နှင့် အလုပ်လုပ်နေတာ နှစ်နှစ်ကျော်လောက်ရှိနေပြီဖြစ်၏။ဒီနေ့က ယယ်ဂျင်းဆုံးတာ သုံးနှစ်ပြည့်သည့် နေ့။
ဒါကြောင့် ဆော့ဂျင် မဖြစ်မနေ အိမ်ပြန်ရခြင်းပါ။
နှစ်တိုင်း ဒီလိုနေ့တွင် သူ အိမ်ပြန်ရ၏။
ယယ်ဂျင်းရဲ့ သေဆုံးမှုအတွက် မိသားစုဝင်တွေဆီကပါ ကိုယ့်ကြောင့်ဖြစ်သွားရတာဆိုသည့် ခေါင်းစဉ်နှင့် အမုန်းကြီးမုန်းနေကြတာမို့ ဆော့ဂျင် ထိုအိမ်က ထွက်ခဲ့၍ ကွန်ဒိုတိုက်ခန်းတစ်ခုဝယ်ခဲ့ကာ ပြောင်းနေခဲ့ခြင်း။
သူ့မိသားစုဝင်တွေကို သူမျက်နှာချင်း မဆိုင်ရဲတာထက် သူ့ကို နေ့စဉ်နေ့တိုင်းတွေ့နေရလျှင် သူတို့တွေ စိတ်အနှောက်အယှက်ဖြစ်နေရမည်စိုး၍ အလိုက်တသိ အိမ်မှ ထွက်ခဲ့ခြင်းပါပင်။
YOU ARE READING
Can I be the one? ♡ KookJin ♡
Fanfikceရိုးတွင်းခြင်ဆီအထိ စိမ့်နေအောင် မုန်းနေရင်လည်း အနည်းဆုံးတော့ ကိုယ်နဲ့ မပတ်သတ်ဘဲနေရမှာပေါ့။ အခုလို မင်း အမုန်းကြီးမုန်းနေတဲ့ ကိုယ်နဲ့ တစ်မိုးအောက်တည်းမှာ အတူတူနေရတာကို သဘောကျနေတာတော့ မဟုတ်ဘူးမလား။ ...