အပိုင်းလေး
ဝန်ကြီးချုပ်အိမ်တော်ကို ပြန်ရောက်တဲ့အခါ ဝန်ကြီးချုပ်လေးမှာ စိတ်ပင်ပန်းလွန်းပြီး အိပ်လို့ပင်မပျော်ချေ။ သူ့အဘိုး ဝန်ကြီးချုပ် မဆုံးပါးခင်က မှာကြားခဲ့တာတွေကို ပြန်လည်ကြားယောင်မိတော့ ရုတ်တရက် စိတ်မကြည်မရွှင်ဖြစ်လာရတယ်။
အခုလက်ရှိ ဧကရာဇ်အရှင် ထီးနန်းမစိုးခင်က နှစ်လိုဖွယ်ကောင်းပြီး ပြည်သူတွေအပေါ်လဲ သိပ်ကြည့်ရှု ဆောင်မသူပါ။ သက်တော်ရှည်ဝန်ကြီးချုပ်ကြီးက ဆယ့်ခုနစ်ယောက်မြောက် မင်းသားပေမဲ့ သူ့ကို ထောက်ခံခဲ့တာက သူ့ရဲ့ ပြည်သူတွေအပေါ် ငဲ့ညှာထာက်ထားတတ်တဲ့ စိတ်အခံကို သဘောကျလို့သာဖြစ်တယ်။လက်ရှိမှာ စာနာမှုရဲ့ ပြယုဂ်မဖြစ်ရင်တောင်
အမျှော်အမြင်ရှိတဲ့ ရေမြေ့အရှင်တစ်ပါးအနေနဲ့ ဧကရာဇ်အရှင်ကို ဆက်ရှိစေချင်ရုံနဲ့ ကျေနပ်ပြီ။ ရှေးက ဧကရာဇ်ရဲ့ အမှားတွေကို ဖန်တလဲလဲ လိုက်လုပ်နေတဲ့ ဆန်ကုန်မြေလေးဘုရင်ဖြစ်တဲ့ထိ သောက်ကျိုးမနည်းသ၍ သူ့အနေနဲ့ ဘုရင့်အပါးမြဲခစားဖို့ အဆင်ပြေဆဲပဲ။အခုဧကရာဇ်အရှင်ရဲ့ အခြေအနေက အမတ်ချုပ်လေးဖို့တော့ အတော်လေး မထိတ်သာ မလန့်သာရှိရတယ်။ တစ်ခါတလေ တိုင်းပြည် ဘဏ္ဍာအကြောင်း ညည်းချင်းချရင်း အခွန်တိုးကောက်ဖို့ လမ်းကြောင်းတယ်။ တစ်ခါတခါကျ ဆောင်းတွင်းမှာ သူစံမြန်းဖို့ အနွေးနန်းဆောင်တစ်ဆောင် တည်ရမတဲ့။ နောက်ကျပြန်တဲ့ နွေရာသီမှာ ပူတယ် ဥယျာဉ်လေးဝယ်အပန်းဖြေဆိုပြီး နွေအပန်းဖြေဥယျာဉ်တော် တည်မယ်တဲ့လေ။ သူကိစ္စတွေအကုန်လုံးကို သူတားနိုင်ခဲ့ပေသိ နောင်ဒီထက် တစ်စထက် တစ်စ ပိုပို ဆိုးလာမှ ခက်ရော့ပြီ။
တကယ်လို့ သူသာ ကြင်ရာတော် ဒါမှမဟုတ် ဧကရီသာ ဖြစ်ခွင့်ကြုံပါက ခေါင်းအုံးကို လေမှုတ်ရတာ¹က တစ်နေကုန် တိုင်ကို ခေါင်းနဲ့ဆောင့်ရတာထက်စာရင်တော့ အတော်လေး လွယ်လောက်မှာ။ မယားပြောတော့ တစ်ညမဟုတ်လား။
ဧကရာဇ်အရှင်သာ ပြည်သူတွေကို ဒုက္ခပေးမဲ့ အကြံတွေ မတွေးသ၍ သူလိုအပ်သမျှ ဖြည့်စွမ်းပေးနိုင်သည်။
¹ခေါင်းအုံးကို လေမှုတ်တာ
အိပ်ရာထက်မှာ ကလူတာကို ပြောတာပါ။
YOU ARE READING
အမတ်ချုပ်ငယ်လေးကတော့ ဒီနေ့လဲ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး အသနားခံရပြန်ပြီ
Short Storyမူရင်းနာမည် - 丞相今天也想撞柱子 အင်္ဂလိပ်ဘာသာပြန်နာမည် - Today Prime Minister also Wants to Bang His Head on The Pillar အပိုင်းစုစုပေါင်း - ၂၁ ပိုင်း (ကျောရိုး ၁၈ ပိုင်း + အချပ်ပို ၃ ပိုင်း) အမျိုးအစား - ဝတ္ထုတို၊ သမိုင်းကျောရိုးခံ၊ ဇာတ်မြူး၊ အသား ပြန်ဆိုသ...