အခန်း ၃
အထိန်းတော်ချုပ်သည် ဧကရာဇ်အရှင် အခုတလော နွေဦးအိပ်မက်တွေ ခဏခဏဖြစ်နေတာကို သတိထားမိလိုက်တယ်။ ဧကရာဇ်အရှင်က သတင်းတွေကို နှုတ်လုံလုံနဲ့ ထိန်းထားကြပေမဲ့ လျှို့ဝှက် သတင်းပေးတွေကတဆင့် အမတ်ချုပ်ကတော့ သိရတာသည်ပင်။
ဧကရာဇ်အရှင်ရဲ့ ကိစ္စအလုံးစုံမှာ တာဝန်ရှိသူဖြစ်တဲ့ အမတ်ချုပ်အနေနဲ့တော့ ‘ ဧကရာဇ်အရှင်မှာ ထုတ်မပြောနိုင်တဲ့ ရောဂါတွေများရှိနေတာလား။ အဲဒီရောဂါနဲ့ပတ်သက်ပြီး ထုတ်မပြောနိုင်လောက်အောင် ရှက်ရွံ့နေတာလား။ “ စသဖြင့် သို့လော သို့လော တွေးပူပြီး တော်ဝင်သမားတော်ကြီးဆီကိုတောင် လျှို့ဝှက်ပြီး သွားတိုင်ပင်ကြည့်ရသည်။ တော်ဝင်သမားတော်ကြီးကတော့ “ ဧကရာဇ်အရှင်က မောင်းမဆောင်လဲမရှိ ဘယ်သူနဲ့မှ ကိုယ်လက်နှီးနှောတာ မရှိတာမို့ သုတ်ရည်တွေ ဝှေးစေ့မှာ စုပုံလာတာကြောင့် သဘာဝအရ အလိုအလျှောက်သုတ်လွှတ်မှု ဖြစ်တာမျိုးသာ ဖြစ်ကြောင်းနဲ့ ဒီလိုနဲ့ ကြာလာရင်တော့ စိတ်ပူရကြောင်း “ ရှင်ပြလေတယ်။
ဒါကြောင့် အမတ်တွေနဲ့ ဆုံညီတိုင်ပင်ပြီးတဲ့နောက် ဧကရာဇ်အရှင်ကို ကိုယ်လုပ်တော်တွေ ရွေးချယ်ပြီး မောင်းမဆောင်ကို ဖြည့်တင်းတည်ထောင်ဖို့နဲ့ အသွေးအသားလိုအင်တွေကို ဖြည့်စွမ်းဖို့ အကြုံပြုရလေတော့တယ်။
ဧကရာဇ်အရှင်ကတော့ အဲဒီစကားကြားတာနဲ့ အတော်လေး စိတ်မရွှင်မလန်းဖြစ်ပြီး အမတ်ချုပ်လေးကို အပြစ်တွေတင်ရင်း ကြိမ်းမောင်းပါလေရော။
ဘာလဲ။ မောင်မင်းက ကိုယ်တော့်ရဲ့ ကိစ္စကြီးငယ်မလပ် အကုန်စီမံချင်နေတာလား။ တိုင်ရေးပြည်ရာမက ကိုယ်တော့်ရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ဘဝမှာပါ ဘာလို့ ကိုယ်တော်က မောင်မင်းရဲ့ စကားနားထောင်ရမှာလဲ။
အမတ်ချုပ်လဲ သူရဲ့ အကြံပေးချက် မအောင်မြင်တာနဲ့ ထုံးစံအတိုင်း တိုင်ကို ပြေးဆောင့်ပြီး ငိုပြရတော့တယ်။
ဧကရာဇ်အရှင်လဲ ကူကယ်ရာမဲ့ ဖြစ်သွားပေမဲ့ နောက်မဆုတ်ပေ။ ဘာတဲ့။ ကိုယ်လုပ်တော်ရွေးရမယ်။ ဟုတ်စ။ အရင်ဧကရာဇ်အိုကြီးလဲ အိပ်ဆောင်မှာ အချိန်ကုန်ရင် ကံကုန်သွားတာမဟုတ်လား။ ဒါကြောင့်မို့ သူလဲ အတော် မျက်ခုံးလှုပ်မိတယ်။
YOU ARE READING
အမတ်ချုပ်ငယ်လေးကတော့ ဒီနေ့လဲ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး အသနားခံရပြန်ပြီ
Short Storyမူရင်းနာမည် - 丞相今天也想撞柱子 အင်္ဂလိပ်ဘာသာပြန်နာမည် - Today Prime Minister also Wants to Bang His Head on The Pillar အပိုင်းစုစုပေါင်း - ၂၁ ပိုင်း (ကျောရိုး ၁၈ ပိုင်း + အချပ်ပို ၃ ပိုင်း) အမျိုးအစား - ဝတ္ထုတို၊ သမိုင်းကျောရိုးခံ၊ ဇာတ်မြူး၊ အသား ပြန်ဆိုသ...