ဧကရာဇ်အရှင်က နုံအအ ဘယ်ဟုတ်မလဲ။ မဟုတ်ရင် သူကဘယ်လိုလုပ် အခြားမင်းသား တစ်ဆယ့်ခြောက်ပါးကို ဖြတ်ကျော်ပြီး ရာဇပလ္လင်ထက် စံမြန်းခွင့်ရတဲ့ ရေမြေ့သခင် ထီးနန်းရှင် ဘယ့်နှယ်ဖြစ်လာမတုံး။ နှစ်အနည်းငယ်အတွင်းမှာပဲ အရှင်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေအကုန်လုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ပိုင်းကို စစ်ချီတက်ခဲ့တယ်။ သက်တော် (၂၅)နှစ်အရွယ်မှာတင် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို တစ်စုတစ်စည်းထဲ စုစည်းနိုင်ခဲ့တာပေါ့။
အမတ်ချုပ်ငယ်လေး တိုင်ကိုခေါင်းနဲ့ ထပ်ခါထပ်ခါ ဆောင့်နေတာကို ရှုစားရင်း ရွှင်မြူးအူးကြွဖွယ်ခံစားချက်ကလေးက ဧကရာဇ်လေးရဲ့ စိတ်နှလုံးအိမ်ထဲ ပေါက်ဖွားလာပါတော့တယ်။ ညီလာခံအချိန်တွေအတွင်းမှာ ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန် အခွန်တွေ တိုးကောက်စေဟူ၍တစ်ဖုံ၊ စစ်တပ်ကို အနောက်သို့ တပ်ချီကာ မဟာမိတ်ဖြစ်သော “တယွဲ့အင်ပါယာ” ကို ဖျက်စီးသိမ်းပိုက်စေဟူ၍တစ်သွယ် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု လမ်းကြောင်းများ ပိတ်စေဟူ၍တစ်နည်း ကြောက်စရာကောင်းသည့် ပေါက်ကရအမိန့်များကို စဉ်ဆက်မပြတ် ချမှတ်လေတော့သည်။
ဧကရာဇ်အရှင်၏ အမိန့်စကားတစ်ခွန်း ဆုံးတိုင်း အမတ်ချုပ်ငယ်လေးသည် သက်ပြင်းချရလေသည်။ ပြီးသည်နှင့် တိုင်ရှိရာဆီကိုသာ အပြေးနှင်တော့လေသည်။ အမတ်အမှုထမ်းများသည်လည်း အလင်း၏ အမြန်နှုန်းကဲ့သို့အလျင်ဖြင့် ချက်ချင်းပင် နှစ်ဖွဲ့ကွဲကြလေသည်။ တစ်ဖွဲ့သည် အမတ်ချုပ်လေးကို တားကြကာ နောက်တစ်ဖွဲ့ကတော့ ဧကရာဇ်ကို တားကြရင်း ကိုယ်စီ တာဝန် ထမ်းရွက်ကြရတာပေါ့။
အမတ်ချုပ်ငယ်လေးသည်အောင်မြင်စွာ ဝိုင်းဝန်း တားမြစ်ခံရပြီးသည့်နောက် ဝတ်ရုံလက်ကို မတင်ပြီး မကျသည့် မျက်ရည်များကို ဟန်ဆောင်ပန်ဆောင် သုတ်ပါတော့တယ်။ လက်ဦးဆရာ အဖိုး၏ ဟန်ကိုလိုက်ကာ အမတ်ချုပ်လေး၏ လက်မောင်းများမှာ တုန်ရီပြီးလှုပ်ခါနေတော့သည်။ အမတ်ချုပ်ဟောင်း၏ အမူအရာများဖြစ်သော်လည်း ယခု အမတ်ချုပ်လေးပြုမူသည့်အခါ အနည်းငယ် ကွဲလွဲသွားသည်များလည်းရှိပေတော့၏။
YOU ARE READING
အမတ်ချုပ်ငယ်လေးကတော့ ဒီနေ့လဲ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး အသနားခံရပြန်ပြီ
Contoမူရင်းနာမည် - 丞相今天也想撞柱子 အင်္ဂလိပ်ဘာသာပြန်နာမည် - Today Prime Minister also Wants to Bang His Head on The Pillar အပိုင်းစုစုပေါင်း - ၂၁ ပိုင်း (ကျောရိုး ၁၈ ပိုင်း + အချပ်ပို ၃ ပိုင်း) အမျိုးအစား - ဝတ္ထုတို၊ သမိုင်းကျောရိုးခံ၊ ဇာတ်မြူး၊ အသား ပြန်ဆိုသ...