အပိုင်း - ၁
အမတ်ချုပ်လေး ငယ်စဉ်က မြို့တော်မှာ ရှိကြတဲ့ မိန်းမငယ်တိုင်းရဲ့ စိတ်ကူးထဲက ယောက်ျားဖြစ်ခဲ့တယ်။
သူမြို့တော် တစ်ပတ်ပတ်လိုက်တာနဲ့ ပန်းထိုးလက်ကိုင်ပဝါတွေဆိုတာ တောင်ပုံရာပုံ ရိတ်သိမ်းမကုန် ဆိုသကိုး ပြန်ပါလာတတ်၏။သူရဲ့ မိဘနှစ်ပါးကို ငယ်စဉ်ကတည်းက ဆုံးရှုံးခဲ့ရတာပါ။ သူ့အဖေကတော့ တိုက်ပွဲကျတာဖြစ်ပြီး သူ့အမေကတော့ အဖေသွားပြီး မကြာဘူး သောကပရိဒေဝမီးအရှိန်နဲ့ အဖေ့နောက်လိုက်ရတာပါပဲ။
သူ့အဘိုးတစ်ဦးတည်းကပဲ သူ့ကို ပြုစုပျိုးထောင်ခဲ့ရတာ။ အဘိုးက သူ့ကို စာအုပ်ဖတ်တာကအစ ကဗျာရေးတာနဲ့ တွက်ချက်တာအလယ်၊ မြင်းစီးတာနဲ့ လေးပစ်တာအဆုံး ပညာမလပ်သင်ကြားပေးခဲ့ပါတယ်။
မျိုးရိုးအပေါ် သစ္စာတည်ကြည်မှုက သူ့အရိုးထဲထိ စွဲမြဲနေချေပြီ။အဘိုးအမတ်ချုပ်က အတော်လေး အသက်အရွယ်ကြီးရင့်လာပြီး အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးကလဲ တဖြည်းဖြည်းမဟန်တော့ပေ။ သူကျောချသွားရာ အိပ်ရာမှာပဲ အမတ်ချုပ်ငယ်လေးရဲ့ လက်ကိုကိုင်ပြီး အမတ်ချုပ်လေးအနေနဲ့ ဘဝတစ်လျှောက်လုံး တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့နဲ့ ချစ်ခင်ငဲ့ညှာဖို့ ကျိန်ဆိုခိုင်းပြီး မျက်နှာနှစ်ဖက်နဲ့ မဖြစ်ဖို့ ဧကရာဇ်အရှင်ကို အမြဲကူညီအမှုထမ်းဖို့လဲ ကတိတောင်းတယ်။
အမတ်ချုပ်ငယ်လေးလဲ ငိုရင်းနဲ့ ကတိပေးလိုက်ရတာပေါ့။ အဲဒီနောက် သက်တော်ရှည်အမတ်ချုပ်ကြီးလဲ မျက်လုံးမှိတ်ချလိုက်ပြီး မကြာခင်ပဲ ငြိမ်သိမ်သွာနဲ့ တစ်ဘဝချုပ်ငြိမ်းသွားတော့လေတယ်။
အမတ်ချုပ်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုတွေ ကြံဆောင်ရမယ်ဆိုတာ သူမသိပေ။ သူ့အနေနဲ့ နိုင်ငံ့ရေးရာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရင်တောင်မှ ဧကရာဇ်ကို ဘယ်လို အကြံပေးရမှာပါလိမ့်။
သူ့ဘဝတစ်လျှောက်လုံး ကြုံဖူး တွေ့ဖူးတဲ့ နန်းတွင်းအမှုထမ်း အမတ်ချုပ်ဆိုလို့ သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဘိုးနည်းဆိုရင်တော့လား :
' ပထမဆုံး ငိုပြ။
ဒုတိယအနေနဲ့ ငယ်တဲ့ အမှု မိုးမီးလောင်အောင် ဇာချဲ့ရမယ်။
တတိယအနေနဲ့တော့ ကိုယ့်လည်ပင်ကိုယ် ကြိုးကွင်းစွပ်ရမယ်။ '
အမတ်ချုပ် အသစ်ကလေးအနေနဲ့ သူ့အဘိုး ဆီနီယာ အမတ်ချုပ်ကြီးကိုပဲ တုရတော့တာပေါ့။အမယ် အဲနေရာမှာတော့ ပြိုင်စံရှားဗျ။
ဧကရာဇ်အရှင်က နွေအပန်းဖြေ ဥယျဉ်သာကို ဆောက်ပြီး လူတွေ ချောဆွဲပြီး အစေခံ အမှုထမ်းစေရမယ် ဆိုပဲ။
သာမန် အပန်းဖြေဥယာဉ်သာဆို မပြောလိုပါဘူး။ အဆင်ပြေတယ်ရယ်။ ဒါပေသိ သူ့ဟာကလေ သမိုင်းတစ်လျှောက် ခမ်းနားဆုံး အကြီးကျယ်ဆုံး ဖြစ်ရမယ်တဲ့။
ထုံးစံလိုပါပဲ အမတ်ဆိုတော့ ဧကရာဇ်အရှင်ကို ဘယ်နားနိုင်မလဲ။ ရုတ်တရက် ထရပ်ပြီး နဂါးသဏ္ဍာန် ထောက်တိုင်ဆီသွားပြီး ခေါင်းနဲ့ ပြေးဆောင့်တော့တယ်။ ဒီလို အသေခံနည်းနဲ့ လူတွေကို သိမ်းသွင်းဖို့ ဆုံးဖြတ်ထားပုံရပါတယ်။
မှူးမတ်တွေထဲတော့ အုပ်စု နှစ်ခုကွဲခွဲလို့ရမယ်။
အရာရှိငယ်တွေအဖွဲ့ " အမတ်ချုပ်လေး အမတ်ချုပ်လေး " နဲ့ အော်ကြ၏။နောက်တစ်ဖွဲ့ကတော့ အတွေ့အကြုံရှိရှိ ဒူးလေးတွေထောက်လို့ တစ်ညီတစ်ညွတ်တည်း " ပြန်လည် ထောက်ချင့်ဆင်ခြင်ပါအုံး။ အရှင်။ " ဆိုပြီးသာ လျှောက်တင်ကြတော့တယ်။
ဧကရာဇ်အရှင်လဲ ခေါင်းနောက်နောက်နဲ့ လက်ကို ဝေ့ရမ်းရင်း " ကောင်းပြီ။ အခု အမတ်တို့ ပြန်ချေတော့။ "
သွားလေသူ အမတ်ချုပ်ကြီးရဲ့ နည်းလမ်းက အတော်အသုံးတည့်တာမို့ သဘာဝကျကျပဲ ထပ်ခါ ထပ်ခါ သုံးစွဲရတာပေါ့။ ဧက္ကရာဇ်အရှင်ရဲ့ အတွေးအကြံတွေက တိုင်းသူပြည်သားတွေကို ထိခိုက်မဲ့ဟန် ပြင်တာနဲ့ ဘာမှ ပါးစပ်ဟ လျှောက်တင်မနေတော့ဘဲ တိုင်ဆီကိုပဲပြေးလေး သွားတတ်လာတော့တယ်။ အဲလိုနဲ့ ခြေနှစ်လှမ်းပင် မပြည့်ခင်မှာပဲ ဧကရာဇ်အရှင်က သူ့လက်ကို ရမ်းလိုက်ရင်း အခါခါ ကူကယ်ရာမဲ့ချေတော့၏။
Trans by Aplus & ShweAye3

YOU ARE READING
အမတ်ချုပ်ငယ်လေးကတော့ ဒီနေ့လဲ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး အသနားခံရပြန်ပြီ
Short Storyမူရင်းနာမည် - 丞相今天也想撞柱子 အင်္ဂလိပ်ဘာသာပြန်နာမည် - Today Prime Minister also Wants to Bang His Head on The Pillar အပိုင်းစုစုပေါင်း - ၂၁ ပိုင်း (ကျောရိုး ၁၈ ပိုင်း + အချပ်ပို ၃ ပိုင်း) အမျိုးအစား - ဝတ္ထုတို၊ သမိုင်းကျောရိုးခံ၊ ဇာတ်မြူး၊ အသား ပြန်ဆိုသ...