Episode (11)

1K 152 40
                                    

[Unicode]

"ကျစ် ! စောစောစီးစီးရှိသေးတယ် ကုမ္ပဏီသွားပြီ...
ဘယ်လောက်စောထထ မှီကိုမမှီဘူး"

အိပ်ယာနိုးနိုးချင်းရှောင်းကျန့်ကထိုသို့မကျေမနပ်နဲ့ရေရွတ်ပြီး အိပ်ချင်မူးတူးမျက်နှာလေးနဲ့ဘေးက ရိပေါ် ခေါင်းအုံးပေါ် မျက်နှာလေး နှစ်ထားလိုက်လေရဲ့။

"မွှေးနေတာပဲ....လူကိုတော့နောက်နေ့မှခိုးနမ်းပစ်လိုက်ဦးမယ်"

"ဒီနေ့မနက်စောစောထပြီးထမင်းဝိုင်းပြင်ပေးချင်တာပါဆိုမှ သူက အိမ်မှာမရှိတော့ဘူး"

ရှောင်းကျန့်က မျက်နှာလေး မကြည်မလင်နဲ့ သက်ပြင်းလေးချလိုက်သေး၏။

"မနက်စာမမှီတော့လည်း နေ့လည်စာနဲ့ညစာ ပြင်ပေးရမှာပေါ့"

ထို့နောက် ဟင်းချက်ဖို့ ပြင်ဆင်ရန်အတွက် အိပ်ယာပေါ်က ထကာ ပျင်းကြောဆန့်လိုက်ပြီး ရှောင်းကျန့်က မျက်နှာမသစ်ခင်မှာပင် ရိပေါ်ရဲ့ အဝတ်ဗီရိုထဲက ရိပေါ် အဝတ်တွေကိုပါ တစ်ဝကြီး နမ်းရှိုက်လိုက်သေး၏။

ပြီးမှ မျက်နှာသစ်ခြင်းအမှုကို စပြီး အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

"သခင်လေး ~ ဘာအလိုရှိလို့ပါလဲ"

မီးဖိုခန်းထဲဝင်လာသည့်ရှောင်းကျန့်ကိုအိမ်အကူအသစ်လေးက အရိုအသေပေးပြီး ထိုသို့မေးတော့ ရှောင်းကျန့်က ဘာမှမပြောဘဲ ထွက်သွားဖို့ အမူအရာပြလိုက်သည်။

အိမ်အကူမလေး ထွက်သွားတော့မှ သူက ဧပရွန်ကို ခါးမှာ ချည်နှောင်လိုက်ပြီး သူရဲ့ချစ်လှစွာသော အမျိုးသားအကြိုက်ဟင်းတွေ ချက်ပြုတ်ဖို့ စတင်တော့၏။

ဟင်းချက်နေရင်းလည်း မျက်နှာလေးက ကြည်နူးမှု အပြည့်နဲ့ပြုံးယောင်သမ်းနေလျှက်။

ရှောင်းသခင်လေးတို့များ ဝမ်သခင်လေးကို ဘယ်လောက်တောင် ချစ်လိုက်သလဲ မပြောနဲ့။
အခုဆို ဝမ်သခင်လေးကြောင့် သူ တစ်ခါမှ မလုပ်ဖူးတဲ့ အရာတွေကို ထူးထူးဆန်းဆန်းလုပ်တတ်နေလေပြီလေ။

အရင်က မီးဖိုခန်းထဲကို ယောင်လို့တောင် မဝင်ဖူးသည့်သူက အခုတော့ ဟင်းချက်နေတာများ ကျွမ်းကျွမ်းကျင်ကျင်နဲ့။အချစ်ရဲ့ စွမ်းအားတွေပါပေါ့။

|| 𝐘𝐎𝐔  𝐀𝐍𝐃  𝐌𝐄 || ( 𝐨𝐧𝐠𝐨𝐢𝐧𝐠 )Where stories live. Discover now