Episode (16)

1.1K 179 48
                                    

[Unicode]

"သူရော"

"အစ်ကိုလေးကအပြင်ကပြန်လာကတည်းကအပေါ်ထပ်ကိုတက်သွားတာ။အခုထိ ပြန်ဆင်းမလာသေးပါဘူး သခင်လေး"

"ဟုတ်ပြီ"

ထိုသို့ဆိုရင်း အလုပ်ကပြန်လာသည့် ရိပေါ်မှာ သူတို့ အခန်းဆီသွားနေရင်းပင် နှုတ်ခမ်းတွေက ပြုံးတုံ့တုံ့နဲ့။

အခန်းထဲကိုရောက်သွားသည့်အခါ အရှက်ပိုနေသည့် မျက်နှာလေးကို မြင်တွေ့ရမယ်ထင်ခဲ့ပေမဲ့လည်း အပြစ်ကင်းစင်စွာ အိပ်ပျော်နေသည့် မျက်နှာလေးကိုသာ တွေ့လိုက်ရ၏။

"အိပ်မပျော်ခင်ဘယ်လောက်တောင်အရှက်ပိုနေခဲ့လိုက်ဦးမလဲကွာ"

"..."

"ဒီလိုကျလည်း ကလေးလေးလိုပဲ ။ မဟုတ်ရင်တော့ ဒီနှုတ်ခမ်းလေးက အကန်စကားတွေပဲ ထွက်လာပြီး စွာစိလန်နေဦးမှာ"

ရိပေါ်ကပါးစပ်ကလည်းပြောရင်းထိုနှုတ်ခမ်းနီတာရဲလေးကို အမြင်ကပ်စွာ လက်ဖြင့်ဆွဲညှစ်လိုက်လေရဲ့။

"အဆိုးလေးရယ် သိပ်ဆိုးလွန်းတာပဲ ။ မာနကလည်း ကြီးပါ့ဗျာ ။ ကိုယ့်ကို ချစ်တယ်ပြောပြီး အဲ့ဒီမာနကို ပိုချစ်နေတာမလားကွ ဟမ်"

မာနကြီးတဲ့ကောင်ငယ်လေးကိုနောက်ထပ်အမြင်ကပ်တာမို့အိစက်စက်ပါးလေးကိုပါထပ်မံဖျစ်ညှစ်လိုက်တယ်။

ဘယ်သူ ဘာပြောရဲမလဲ ။

ထို့နောက် ရိပေါ်က အချိန်ကြာမြင့်စွာ အသိစိတ်လွတ်နေသလို ရှောင်းကျန့်ကို မြတ်နိုးဟန်နဲ့ငေးကြည့်နေရင်းမှ ရှောင်းကျန့်နဖူးအား နမ်းမိတော့မယ့်ဆဲဆဲတွင် အသိစိတ်ဝင်လာသလိုနဲ့ နောက်ပြန်ဆုတ်သွားသည်။

"ကဝေလေးပဲ မင်းက ! အိပ်နေတာတောင် ငါ့ရဲ့စိတ်တွေကို ညှို့ပြီး လာမြှူစွယ်နေတယ်"

ရိပေါ်ကမကျေမနပ်သလိုရေရွတ်ရင်း ခေါင်းတရမ်းရမ်းလုပ်ကာစောင်းအိပ်နေတဲ့ရှောင်းကျန့်ကိုလည်ဂုတ်နာမည်ဆိုးသဖြင့်သေချာပြင်သိပ်လိုက်ပြီး စောင်ခြုံပေးခဲ့၍ သူက ရေချိုးရန် ရေချိုးခန်းဆီသို့ ဦးတည်တော့၏။

"ဒီလိုလေး အမြဲအဆင်ပြေချင်တယ် ။ ဘာရယ်ကြောင့်မှ မဟုတ်ပါဘူး ။ ရန်မသတ်ရတော့ နားငြီးသက်သာလို့"

|| 𝐘𝐎𝐔  𝐀𝐍𝐃  𝐌𝐄 || ( 𝐨𝐧𝐠𝐨𝐢𝐧𝐠 )Where stories live. Discover now