Episode (17)

1.4K 170 62
                                    

[Unicode]

"မင်္ဂလာပါ CEO ဝမ်  ... ကျွန်မက CEO နဲ့အတူ အလုပ်တွဲလုပ်မယ့် ကျန်း Group က ကျန်းချွေ့ဟွာပါ "

"တွေ့ရတာဝမ်းသာပါတယ် Mrs.ကျန်းချွေ့ဟွာ"

"နားထောင်ရတာ တစ်မျိုးကြီးမို့ ချွေ့ဟွာလို့ပဲ ခေါ်ပါ ဝမ်"

"ကောင်းပါပြီ ချွေ့ဟွာ"

ထို့နောက် လုပ်ငန်းကိစ္စတွေ တိုင်ပင်ဆွေးနွေးတော့ ကျန်းချွေ့ဟွာက အတော်အတွေ့အကြုံရှိပြီး ထက်မြတ်တဲ့ အထဲမှာပါတာကို သိလိုက်ရတယ်။
တစ်ချက်တစ်ချက်ရိပေါ်ကိုစူးစိုက်ငေးကြည့်နေတာကလွဲလို့ပေါ့။

ဒါပေမဲ့လည်းရိပေါ်ကမသိချင်ယောင်ဆောင်ထားလိုက်သည်။ကျန်း Group ဆိုတာကလည်း အတော်အသင့် စီးပွားရေးရှိတဲ့ Top 5 စာရင်းဝင်မို့ ဆက်ဆံရေးပျက်ပြားအောင်လုပ်လို့မရဘူး။
ကျန်း Group ကလည်း စီးပွားရေးမှာ မတူညီတဲ့ အပိုင်းဘက်ကနေ ရိပေါ်ကို အထောက်အကူပြုတယ်။

"ဝမ် ... ရင်းနှီးမှုအနေနဲ့ ချွေ့ဟွာတို့ နေ့လည်စာ"

"ခဏနော် ချွေ့ဟွာ"

စကားပြောနေရင်း အလုပ်ဖုန်းမှ အသံမြည်လာတာမို့ ဖုန်းကိုအရင်ကိုင်လိုက်ရသည်။

"Hello"

"သခင်လေး ... အားစုတို့မအားလို့လေ , အဲ့ဒါ အစ်ကိုလေးကိုပဲ နေ့လည်စာ လာပို့ခိုင်းလိုက်မယ်နော်"

ထိုအခါ ရိပေါ်မှာ ပြုံးချင်ချင်ဖြစ်သွားသည်။အားစုတို့က ဘာမှလုပ်စရာမရှိဘဲ ဘာလို့ မအားရမလဲ။
အဲ့ဒါသေချာပေါက် ရှောင်းကျန့်က သူ့ဆီလာချင်လို့ ပြောခိုင်းတာပဲဖြစ်လိမ့်မယ်။အရင်က ရမ့်ကြောင့်မို့ မလာနဲ့ပြောပေမဲ့လည်း အခုက လာလို့ အဆင်ပြေတာမို့ ဟုတ်ပြီလို့ပဲပြောကာ ဖုန်းချလိုက်ရသည်။

နေပါဦး။ရှောင်းကျန့်ဆီမှာ သူ့ဖုန်းနံပါတ်မရှိသလို သူ့ဆီမှာလည်း ရှောင်းကျန့်ဖုန်းနံပါတ်မရှိသေးဘူးပဲ။

"ဝမ်"

"သြော် ချွေ့ဟွာ sorry ... အိမ်က အိမ်သားက နေ့လည်စာ လာပို့မလို့တဲ့လေ"

"အာ ဒါဆို ချွေ့ဟွာနဲ့ နေ့လည်စာစားဖို့က မဖြစ်နိုင်တော့ဘူးပေါ့"

|| 𝐘𝐎𝐔  𝐀𝐍𝐃  𝐌𝐄 || ( 𝐨𝐧𝐠𝐨𝐢𝐧𝐠 )Where stories live. Discover now