Episode(19)

1.4K 187 36
                                    

[Unicode]

"ရှောင်းကျန့် !!!"

ကားကို အတင်းမောင်းချလာပြီး အိမ်ရှေ့ရောက်သည်နှင့် ကားရပ်ကာ ကားတံခါးကို ဒုန်းခနဲပိတ်လို့ ရှောင်းကျန့်နာမည်ကို ဒေါသအပြည့်နဲ့ အော်ခေါ်လာသည့် ရိပေါ်အသံက ကျယ်ကျယ်လောင်လောင်ပင်။

"သခင်လေး ... အစ်ကိုလေး ရှောင်းကျန့်က ပြန်မလာသေးပါဘူး"

"ဘာကွ !! ဒီအချိန်အထိကို ပြန်မလာသေးရအောင် ဘယ်ကိုအလေလိုက်နေတာလဲ"

"..."

"ငါ့ကိုကျစောက်ပြဿနာတွေဖြစ်အောင်လုပ်ခဲ့ပြီး အခု သူက အပြင်မှာသာယာနေတာလား!!"

တစ်ရှူးရှူးတစ်ရှားရှားနဲ့ဒေါသတွေဖြစ်နေသည့် ရိပေါ်က အပေါ်ထပ်ကိုပင် မတက်နိုင်သေးဘဲ ရှောင်းကျန့်လာလျှင် ဆီးကြိုပြီး ပြဿနာရှာမှာမို့ ဧည့်ခန်းထဲမှာသာ အံတစ်ကြိတ်ကြိတ်နဲ့စောင့်နေလေရဲ့။

သို့ပေမဲ့ ည 6နာရီ ၊ 7 နာရီ ၊ 8 နာရီ အထိ ရှောင်းကျန့်က ပြန်ရောက်မလာသေးပေ။

"တောက်ခ်!!လုပ်ချင်ရာလုပ်ပြီး ဒါကရော ဘာစောက်ချိုး ချိုးပြန်တာလဲ ငါ -ီး ပဲ"

"သ ~ သခင်လေး ~ ကျွန်မ ရှောင်းအိမ်တော်ရဲ့အိမ်ဖုန်းကို ဆက်ကြည့်ရမလား"

"ဆက်လိုက်"

မျက်နှာထားခပ်တင်းတင်းနဲ့အလွန်ဒေါသထွက်နေပုံရသည့် ဝမ်သခင်လေးကြောင့် ဖိအားတွေအပြည့်ခံစားနေရသည့် အားစုမှာ တစ်ချိန်လုံး အသက်ရှူအောင့်ထားနေရင်းမှ အသက်ဝဝရှူလိုက်ပြီး လက်ကတုန်ကယင်ဖြင့် ရှောင်းအိမ်တော်ရဲ့ အိမ်ဖုန်းကို စတင်ခေါ်ဆိုလိုက်ရ၏။

"ငါက စောင့်နေတယ်ဆိုပြီး ငတုံးလို သွားပြောမနေနဲ့!!"

"ဒီ ~ ဒီလောက်ကတော့ အားစု သိပါတယ်
သခင်လေးရယ်"

တီ ! တီ !

"ဖုန်းချလိုက်တော့ ဟိုမှာ လေလွင့်နေတဲ့ အမှိုက်သရိုက်က ပြန်လာပြီ"

ဖုန်းဝင်နေဆဲမှာပင်ခြံထဲက ကြားလိုက်ရတဲ့ ကားသံကြောင့် ရိပေါ်က မတ်တပ်ထရပ်လိုက်ပြီး အားစုကို ထိုသို့ပြောကာ ထွက်သွားခိုင်းတော့၏။

|| 𝐘𝐎𝐔  𝐀𝐍𝐃  𝐌𝐄 || ( 𝐨𝐧𝐠𝐨𝐢𝐧𝐠 )Where stories live. Discover now