Episode(13)

1.1K 166 43
                                    

[Unicode]

"ရှောင်းကျန့်"

"အင်း ပြော"

ရိပေါ်အလုပ်က ပြန်လာလာချင်း အခန်းထဲသို့ဝင်ကာ တံခါးဝကနေရှောင်းကျန့်ကိုခေါ်လိုက်တော့ရှောင်းကျန့်ကမှန်ရှေ့ကနေရိပေါ်ကိုလှည့်ကြည့်လာသည်။

အခုမှ ရေချိုးပြီးပုံရသော ရှောင်းကျန့်ကbathrobeကို လျော့ရွဲရွဲချည်နှောင်ထားပြီး ရင်ဘတ်တွေကို လှစ်ဟ ထားလျှက်။ပြီးတော့ ဆံပင်လေးတွေကလည်း ဖွာကျနေပြီးဘာမှခြယ်သထားခြင်းမရှိတဲ့ မျက်နှာပြောင်လေးက မထိရက်မကိုင်ရက်စရာနဲ့ အတော်လေးကို လှသွေးကြွယ်ပြီး ဖူးဖူးနုနုနဲ့ ပြည့်စုံလွန်းတာထက်ကိုပိုနေလေသည်။

ဒီအလှ .. ဒီအလှတွေကတစ်ခြားလူတွေကိုယစ်မူး
စေခဲ့ပြီး အဲ့ဒီအထဲမှာ "ရမ်" ပါ အပါအဝင်ဖြစ်ခဲ့သည်။
တော်တော်အန္တရာယ်များလိုက်လေခြင်း။

အဲ့ဒါက အဆိုးဆုံးပဲ။ ရမ်ကလည်း ခေသူမဟုတ်ဘဲ အတော်အသင့် အာဏာရှိတဲ့အထဲမှာပါသည်။
အခု လုပ်ငန်းတွေလည်း ရမ့် ကြောင့်ပဲ ရိပေါ် အဆင်ပြေလာခဲ့တာ။အခု ရမ် က ရှောင်းကျန့်ကို လိုချင်နေတာဆိုတော့ရိပေါ်နဲ့ရန်သူတွေဖြစ်သွားနိုင်သည်။ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရပါ့မလဲ။

အားလုံးအဆင်ပြေအောင်ရှောင်းကျန့်ကိုရမ့်လက်ထဲထည့်လိုက်လို့ရတယ်။ဒါပေမဲ့ ရိပေါ် မထည့်ဘူး။
ဘာလို့လဲ သိလား ။ သူတို့ကို အမြဲအနိုင်ကျင့် မောက်မာနေတဲ့ ရှောင်းကျန့်ကို သူ့လက်အောက်မှာ အရှုံးသမားတစ်ယောက်လို တစ်သက်လုံး
ခံစားခိုင်းချင်လို့။အဲ့ဒါကြောင့် ကွာရှင်းမယ်ဆိုတဲ့ စိတ်ကူးလည်း မရှိတော့ဘူး။

ရိပေါ်မှာ ရှောင်းကျန့်ကို စူးစိုက်ကြည့်နေရင်းမှ ခုနက ရှောင်းကျန့်ကိုခေါ်ပြီး ပြောချင်တဲ့ အဓိက အကြောင်းအရာကို ဖျတ်ခနဲ သတိရလာခဲ့သည်။
တော်သေးတယ် လုံးလုံးမေ့သွားတော့မလို့။

"ပြော ဘာပြောမလို့ ခေါ်တာလဲ"

"မင်း !! နောက်နေ့ ကုမ္ပဏီဘက်ကို ယောင်လို့တောင် ခြေဦးမလှည့်ခဲ့နဲ့"

ထိုအခါချက်ချင်းပင်ရှောင်းကျန့်ကမျက်ခုံးတန်းလေးတွေက တွန့်ချိုးသွားလျှက်။

|| 𝐘𝐎𝐔  𝐀𝐍𝐃  𝐌𝐄 || ( 𝐨𝐧𝐠𝐨𝐢𝐧𝐠 )Where stories live. Discover now