Ep 1

374 28 19
                                    

(My Note - ဒီficမှာပါတဲ့ character,နာမည်၊storyအသွားအလာ၊ခေါင်းစဉ်နဲ့ plotများ တခြားတစ်ခုနှင့်တူညီခဲ့သည်ရှိသော် ကူးချထားချင်းမဟုတ်ပဲ တိုက်ဆိုင်မှုသာဖြစ်ပါသည်။)

"ဂယူဗင်း ငါ့ကိုဒါလေးကူညီပေးအုံး"

"ဟေ အေး ‌လာပြီ"

"ဂယူဗင်းနား ငါ့ကိုဒီစာလေးရှင်းပြပေးပါအုံး"

"ဘယ်စာလဲ လာလေ ရှင်းပြမယ်"

"ဂယူဗင်းနီး"

"ဂယူရေ"

"‌ဟေး ဂင်မ်ဂယူ"

ဂယူဗင်း အတန်းထဲတွင် "ဂယူဗင်း" နာမည်များနှင့်သာ တစ်ခန်းလုံး တစ်ကျက်ကျက်။ဘာလို့လဲဆိုတော့သူက လူတွေကို အလွန်ကူညီတဲ့သူလေ။ဘယ်သူ့ကိစ္စ ဘာအကြောင်းဖြစ်ဖြစ် ဂင်မ်ဂယူမပါလျှင်မပြီး။ပွဲမစည်။

"မနေ့က သင်္ချာဆရာပေးလိုက်တဲ့ အိမ်စာတွေ ပြီးခဲ့လား"

"‌အား..ညက ဂိမ်းဆော့တာလွန်သွားလို့မလုပ်ခဲ့ရဘူးလေ"

"သူငယ်ချင်းလေး ဂယူဗင်းနီး"

"အေး မင်းတို့လည်းနော် ငါသာမရှိရင် ဘယ်လိုလုပ်ကြမလဲမသိဘူး ရော့ ငါ့စာအုပ်ယူသွား "

နာမည်အရင်းကတော့ ဂင်မ်ဂယူဗင်းဖြစ်ပြီး လက်ရှိမှာ သူဟာ အထက်တန်းဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သည်။မိဘတွေကလည်း ချမ်းသာကြပြီး တစ်ဦးတည်းသောသားလေ။သို့ပေမဲ့ ဂယူဗင်းက ချမ်းသာပြီး ဂုဏ်မှောက်ခြင်းမရှိဘူး။အဆင့်အတန်းမခွဲခြားဘူး။သဘောမနောကောင်းတဲ့ သူဌေးသားလေးဖြစ်သည်။ကျောင်းကော ရပ်ကွက်ထဲကရော သူ့ဖေဖေ ကုမ္ပဏီကရော လူတိုင်းရဲ့ ချစ်မွှေးလေးတစ်ဦးဖြစ်သည်။

"ဟေ့ရောင် ဂင်မ်ဂယူဗင်း မင်းအဲ့လိုတွေအမြဲ မကူညီစမ်းနဲ့။မင်းကကူညီနေတော့ သူတို့ကမင်းကိုအသုံးချနေကြတာ!"

"အသုံးချခံရတယ်ဆိုရင်တောင် ငါ ကူညီလိုက်လို့ သူတို့အဆင်ပြေသွားရင်ပြီးတာပါပဲကွာ ငါကအဲ့တာတွေစိတ်ထဲမရှိပါဘူး"

ဂယူဗင်း၏ အချစ်ဆုံးသူငယ်ချင်း ဆော့ဂယူအား ပြုံးလျက်ဖြစ်သာပြန်ပြောဖြစ်သည်။သူငယ်ချင်းကလေးကတော့ ခေါင်းတခါခါဖြင့် မနိုင်ဘူးဆိုပြီးသာ ပြန်ပြောရင်း colaဗူးကို တစ်ကျိုက်ထဲမော့ချသည်။

𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 ˡⁱᵗᵗˡᵉ 𝐌𝐎𝐍𝐒𝐓𝐄𝐑 [Complete]Where stories live. Discover now