Ep 2

214 26 9
                                    

ဂယူဗင်း ဒီနေ့နဲ့ဆို ချန်ချန့်ကိုမမြင်ရတာ၅ရက်ပင်ရှိပြီ။ဂယူဗင်းအမှားပါ။ဝန်ခံရမှာကို ရှက်နေတာမလို့ ချန်ချန့်သူ့ကိုစကားပြောတော့မယ်ဆို သူက စကားလမ်းကြောင်းတွေလွှဲလွှဲပစ်တာလေ။ဒါကို ချန်ချန် စိတ်ဆိုးသွားပြီထင်သည်။

မမြင်ရတာ ၅ရက်ဆိုသော်ငြား ဂယူဗင်းအတွက်တော့ နှစ်၅၀လောက်ရှိသွားသလိုခံစားရသည်။မြင်နေကြ မျက်နှာလှလှလေးကိုမမြင်ရသည်မို့ ရူးမတက်လွမ်းရပါသည်။

"ဒေါက်...ဒေါက်.."

"ဟုတ် ဝင်ခဲ့လို့ရပါတယ်"

"မာမီပါ သားအခုရက်ပိုင်း အစားသိပ်မစားသလို ပျော်ပျော်ရွှင်ရွှင်လည်းမရှိလို့လေ နေများမကောင်းလို့လား"

မာမီ့သားက လွမ်းနာကျနေတာမာမီရဲ့။မာမီ မမြင်ရတဲ့ သားကလေးလေးကိုလွမ်းနေတာ လို့ ပြောလိုက်ချင်ပေမဲ့ ဂယူဗင်းစိတ်ထဲတွင်သာ သိမ်းထားလိုက်ပါသည်။

"သား နေကောင်းပါတယ် မာမီ စိတ်မပူပါနဲ့"

"တစ်ခုခုဆို မာမီ့ကိုပြောနော်"

"ဟုတ် မာမီ"

မာမီ အခန်းထဲကပြန်ထွက်သွားတော့ ဂယူဗင်း မွေ့ယာပေါ်ကိုသာ ပစ်စလက်ခက် ထိုင်ချမိသည်။အခန်းတစ်ခုလုံးကိုလည်း ဟိုကြည့်ဒီကြည့်၊ချန်ချန့်ကို ရှာသော်လည်း သူ့မှာမ‌တွေ့။၁လလောက် အခန်းထဲတွင် တကျက်ကျက် ချန်ချန်နဲ့စကားပြောခဲ့ရတာမလို့ အခုတစ်ယောက်ထဲဖြစ်နေ၍ ဂယူဗင်း စိတ်ထဲတွင် လစ်ဟာနေသည်။

"ကို မနက်ဖြန် ကျွန်မကို နတ်ဆရာမဆီလိုက်ပို့ပေးပါအုံး"

"ဘာဖြစ်လို့လဲ ဆိုယွန်းရယ်"

"သားလေးအတွက်ပေါ့ သားကြည့်ရတာ တစ်မျိုးပဲ အပမိနေသလားမသိဘူး"

"ဟာ ဘယ်နှယ် မင်း သားကအပမိရမတုန်းကွ"

"မသိဘူးတော် ကျွန်မကို မနက်ဖြန်သာ လိုက်ပို့ပေး"

-'๑'-

"ဆရာမရယ် ကျွန်မသားလေးက အခုရက်ပိုင်း အစားလည်းသေချာမစားဘူး ငိုင်တိုင်တိုင်နဲ့ မျက်တွင်းတွေပါကျနေလို့ အပများမိသလားလို့ ဆရာမစီ လာခဲ့လိုက်တာပါ"

𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 ˡⁱᵗᵗˡᵉ 𝐌𝐎𝐍𝐒𝐓𝐄𝐑 [Complete]Where stories live. Discover now