Final

200 23 2
                                    

Song Recommend - ကမ္ဘာအဆက်ဆက် by Bunny Phyo (ft. Amera Hpone)

"ဂယူဗင်းနီရေ သားဂယူ ထတော့လေ ကျောင်းနောက်ကျနေတော့မယ်"

"ဗျာ!ဗျာ ထ..ထပါပြီ"

ဂယူဗင်း မာမီနှိုးသံကြားသည်မို့ အရေးတကြီး အိပ်ယာမှ ထလိုက်ရသည်။ဒါပေမဲ့ သူအခုအိပ်ယာကနေ ထလိုက်တာလား?ခုနကသူ မကောင်းဆိုးဝါးတိုင်းပြည်မှာရှိနေတာလေ! ချန်ချန် လူပုံစံလေးပြန်ဖြစ်သွားတာကိုမြင်နေရာက အလင်းရောင် အရမ်းစူးတာမလို့ မျက်စိလေး ခဏမှိတ်မိရုံပါ!ဘယ်လိုလုပ် အိမ်ကိုပြန်ရောက်နေရတာလဲ။

ဒါက မကောင်းဆိုးဝါးများ ငါ့ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာလား။ဒီလိုဆို ချန်ချန်ကရော ဘယ်ရောက်သွားရတာလဲ။

"မာမီ သားအိမ်ပြန်ရောက်နေတာလား?"

"ဟဲ့ အိမ်မရောက်လို့ သားက ဘယ်ရောက်ချင်လို့လဲ"

"မဟုတ်ဘူးလေ သား ဘယ်တုန်းက အိမ်ပြန်ရောက်တာလဲ"

"ဟော် ဒီကလေးနှဲ့ အထက်တန်းကျောင်းသားဖြစ်နေပြီး မူးနေတာတော့မဟုတ်ဘူးမလား"

"မဟုတ်ဘူးလေ သား မာမီတို့ကို လေ့လာရေး ခရီးသွားမယ်ဆိုပြီး အပြင်ထွက်သွားတာလေ အဲ့တာကို ဘယ်လိုလုပ် အိမ်ရောက်နေရတာလဲ နောက်ပြီး...နောက်ပြီး သားနဲ့အတူ ကောင်လေး တစ်ယောက်ရောပါမလာဘူးလားဟင်"

"သားဂယူ မင်းနေရောကောင်းရဲ့လား ကျောင်းကိုခွင့်တင်ပေးရမှာလား ဘာတွေပြောနေတာလဲကွယ် လေ့လာရေးခရီးကရော ဘာလဲ"

"ဟင်?"

"ဘာကို "ဟင်"ပြန်တာလဲ"

"ဒီလက်ကောက်က? သား ကျပျောက်သွားခဲ့တာလေ ဘယ်လိုလုပ် သားလက်မှာရှိနေတာလဲ"

"သားလက်မှာ ရှိတဲ့လက်ကောက်ကို မာမီက ဘယ်လိုလုပ် သိမှာလဲကွယ်"

"ဒါ မာမီပေးထားတာလေ ဟို..နတ်ဆရာမဆီက ယူလာတာဆို"

"ဘယ်က နတ်ဆရာမတုန်း? လာပြန်ပြီ..သား အိပ်မက်တွေမက်နေတာထင်တယ်"

"မဟုတ်ဘူးနော် မာမီ ထူးဆန်းတယ်"

"ထူးဆန်းမနေနဲ့ ကျောင်းသွားမှာဆိုလည်း ရေမိုးချိုးပြီး မနက်စာစားဖို့ဆင်းခဲ့ မတက်ချင်ရင်လည်းပြော ခွင့်တိုင်ပေးမယ်"

𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 ˡⁱᵗᵗˡᵉ 𝐌𝐎𝐍𝐒𝐓𝐄𝐑 [Complete]Where stories live. Discover now