Song Recommend - Tattoo by Loreen
"ချန်ချန် ရှက်သွားတာလား Monsterလေးဖြစ်တာတောင်ရှက်တတ်တာပဲလား"
အကြောင်းကတော့ ချန်ချန့်ကို ဂယူဗင်းက ပေါင်ပေါ် ခေါင်းအုံးစေကာ နှာခေါင်းလေးကလှတယ်၊မျက်လုံးလေးကလှတယ်၊မျက်တောင်လေးကလှတယ်၊နားလေးတွေကလည်းလှတယ် ဟု တဖွဖွပြောပြီး မျက်နှာတစ်ခုလုံး နေရာလပ်မကျန်အောင် လိုက်နမ်းမိ၍ဖြစ်သည်။(ဒီမူးမန့်လေးကို မှတ်မိကြမယ်ထင်ပါတယ် မူးမန့်မှာတော့ မပြွတ်စ်ပေမဲ့ ဘိုမီကဆွဲ ပြွတ်စ်လိုက်ပါတယ်><)
Mosterလေးက ရှက်တာလေးကတောင်ချစ်စရာလေး၊ Monster မို့ မျက်နှာလေးတင်မဟုတ်ပဲ တစ်ကိုယ်လုံးနီတက်လာတာများ ခရမ်းချဉ်သီးလေးကျနေပါရော။
"ကိုကိုကလည်း Monster လည်းလူပဲ ရှက်တာပေါ့! အဲလေ...မဟုတ်ပါဘူး ဟာဗျာ မသိတော့ဘူး"
"ဟားဟား လာပါအုံး ကိုကို့ဆီကို ခေါင်းပေါ်ကို ခေါင်းစွပ်အစိမ်းရောင်လေးဖြစ်ဖြစ်စွပ်ပေးချင်လို့။ဒါမှ တကယ့်ခရမ်းချဉ်သီးလေးနဲ့တူသွားမှာ"
"ဟာ ကိုကိုနော်!"
ရည်းစားလေးက Monster ဖြစ်နေတာ မကောင်းတာဆိုလို့ဒီနေရာပဲရှိတယ်။ဂယူဗင်း ဘယ်လောက် လိုက်ဖမ်းဖမ်း ချန်ချန်က ဟိုနေရာပျောက်သွားလိုက် ဒီနေရာပေါ်လာလိုက်မလို့ လုံးဝဖမ်းလို့ပင်မရဖြစ်နေသည်။
"ကိုကို အကျယ်ကြီး အော်ခေါ်မနေနဲ့လေလို့! အောက်ထပ်က ကိုကို့မာမီကြားသွားမှ သူ့သားလေးရူးသွားပြီလားဆိုပြီး စိတ္တဇဆေးရုံကို ပို့နေမယ်"
"စိတ္တဇဆေးရုံကို ရောက်သွားရင် ကိုကိုက ပိုတောင်ပျော်သေး"
"ဟင် ဘာဖြစ်လို့?"
"အဲ့လိုသာဆို ကိုကိုက ချန်ချန်နဲ့ အေးဆေး စကားပြောရပြီလေ"
"ဟော်ဗျာ"
ချန်ချန်ကတော့ ကိုကို့ကို တကယ် ၊ တကယ်ကို မနိုင်တော့ပါဘူး။
အချိန်တွေကြာလာတာနဲ့ အမျှ နှစ်ယောက်သားဟာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်ပိုတွယ်လာပြီး အချင်းချင်းမှီခိုလာပြီးနေကြသည်။ဂယူဗင်းက ချန်ချန်နဲ့ နှစ်ယောက်ထဲအချိန်များကို ပိုဖန်တီးသည်။တစ်နေ့တာရဲ့ အားသမျှအချိန်ကို ချန်ချန်နဲ့သာ အမှတ်တရတွေလုပ်ပြီး ကုန်ဆုံးသည်။
YOU ARE READING
𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 ˡⁱᵗᵗˡᵉ 𝐌𝐎𝐍𝐒𝐓𝐄𝐑 [Complete]
FantasíaMonsterလှလှလေးနဲ့ကိုကိုဂယူဗင်းတို့ရဲ့ ရိုရိုချိုချို