"busနဲ့သွားလို့ရမလား ချန်ချန်"
"မြို့ပြင်အနားထိ busရှိရင်တော့ ရမယ်ထင်တယ်"
မြို့အစွန်ဆုံးနေရာအထိ busရှိသည်မလို့ အိမ်နဲ့ မလှမ်းမကမ်း မှတ်တိုင်ကနေ ဂယူဗင်း busကားအလာကို စောင့်ရသည်။Busကား လာတော့လည်း ဂယူဗင်း အနောက်ဆုံးကိုသာ တစ်ခါထဲလျှောက်သွားခဲ့ပါသည်။
အနောက်နားကထိုင်ခုံတွင်ဝင်၍ထိုင်၏။ချန်ချန်ကိုတော့ ပြတင်းပေါက်ဘက်တွင်ထိုင်စေသည်။သူကတော့ လျှောက်လမ်းဘက်တွင်ထိုင်သည်။
ကားစီးလာရင်း နောက်တစ်မှတ်တိုင်ရောက်တော့
"ဟိုဘက်ခုံမှာ ထိုင်လို့ရမလားဗျ"
ဂယူဗင်း ပထမတော့ တကယ် ကြောင်သွားခဲ့တာ..သူနဲ့ချန်ချန် နှစ်ယောက်ကို ဘာလို့လာမေးတာလဲပေါ့...ပြီးမှ..ဟုတ်သားပဲ ချန်ချန့်ကိုလူတွေကမှမမြင်ရတာ..
"ကျွန်တော်က တစ်ယောက်ထဲပဲထိုင်တတ်လို့ပါ စိတ်မရှိပါနဲ့နော်"
ငြင်းလိုက်တော့ ချန်ချန် အရွယ်ကောင်လေးက တခြားဘက်တွင်သာ သွားထိုင်သည်။ချန်ချန်နဲ့ အန္တရာယ်ရှိနဲ့နေရာကို သွားရမှာသိပေမဲ့ အခု ဂယူဗင်း စိတ်ထဲတွင်တော့ ချစ်သူနဲ့ ခရီးထွက်နေရတဲ့vibeမျိုးရသည်။လမ်းတစ်လျှောက်တွင်လည်း ချန်ချန်လက်ကလေးတွေကို သေချာ ဆုပ်ကိုင်ထားမိသည်။ချန်ချန်လက်ကလေးတွေဟာ သူလက်ဖဝါးအကျယ်ကြီးတွေထဲ အံ့ဝင်ခွင်ကျဖြင့်။
ချန်ချန်က အိပ်ရင်း အားပြန်ဖြည့်ရတဲ့ Monsterလေးဖြစ်တာမို့ သူ့ ပုခုံလေးပေါ်တွင် ခေါင်းလေးမှီကာ အိပ်ရင်းကားစီးသည်။ညကလည်း ကောင်းကောင်း မအိပ်ဟန်ရှိတာမလို့ အိပ်နေတာလေးက နှစ်နှစ်ခြိုက်ခြိုက်။
ချန်ချန်က ပြတင်းပေါက်ဘက်တွင် ထိုင်သည်မို့ နေနည်းနည်းမြင့်တော့ အိပ်နေတဲ့ကလေးရဲ့ မျက်နှာလှလှလေးပေါ် နေရောင်စူးစူးက ကျရောက်လာသည်။ဒါကြောင့် သူ့လက်ဝါးပြင် အကြီးကြီးနှင့် ချန်ချန့်မျက်နှာလေးကို ကာထားပေးရပါသေးသည်။
တခြားသူတွေမြင်ရင်တော့ အထူးအဆန်း ဖြစ်နေမှာ အသေအချာပင်။ဘာလို့လဲဆိုတော့ ချန်ချန့်ကို လူတွေကမမြင်ရဘူးလေ။
YOU ARE READING
𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 ˡⁱᵗᵗˡᵉ 𝐌𝐎𝐍𝐒𝐓𝐄𝐑 [Complete]
FantasiMonsterလှလှလေးနဲ့ကိုကိုဂယူဗင်းတို့ရဲ့ ရိုရိုချိုချို