Part (24)

169 32 2
                                    

အုံ့မှိုင်းနေတဲ့ တောအုပ်ထဲက တစ်လုံးတည်းရှိသော စံအိမ်တော်။ ဒီစံအိမ်ကို သူမရောက်ဖြစ်တာ နှစ်အတော်ကြာပေါ့။ Moojin နိုင်ငံခြားပို့ခံလိုက်ရကတည်းက အဆက်အသွယ်မလုပ်ဘဲ နေလာခဲ့တာအခုတစ်ခါ ဒီစံအိမ်ကို ခြေချဖို့ အကြောင်းဖန်လာခဲ့ပြန်ပြီ။

"Moojin"

"In-Su ရောက်ပြီလား .... ထိုင်ဦး ၊ ငါမိတ်ဆက်ပေးမယ်"

စံအိမ်ရဲ့ ပထမထပ်မှာရှိတဲ့ ဧည့်ခန်းထဲတွင် ထိုင်ကာ လူတစ်ချို့နှင့် စကားပြောနေတဲ့ Moojin က ထလာပြီးသူ့ကို အိမ်ထဲ ဝင်စေခဲ့သည်။

"ဒါ ကျွန်တော့် သူငယ်ချင်း Kwon In-Su တဲ့"

"ဒီဘက်က Monster Gangster ရဲ့ Mr.Jeon"

လူကြီးလူကောင်းပီပီ ဝတ်ဆင်ထားပြီး သူ့ကိုလက်ဆွဲနှုတ်ဆက်ရန် ကမ်းနေသော လက်ကို ပြန်လည်ကမ်းပေးခဲ့ပါသည်။

"ဒါ အရင်က ခင်ဗျားရဲ့ Runner မလား .... ကျုပ်သူ့ကို မြင်ဖူးတယ်ဗျ"

ထိုအခါ Moojin က အနည်းငယ်ရီမောကာ

"ဟာ ...ဟားး .... ဒါပေါ့ .. ကျွန်တော့်ရဲ့ အယုံကြည်ရဆုံးသူဆိုလည်း မမှားဘူး ..... ဒါကြောင့် ဒီတစ်ခေါက် အစီအစဉ်အတွက် သူ့ကိုဘဲ ရွေးလိုက်တာ"

Moojin နှင့် Mr.Jeon တို့ ပြောနေကြသည်ကို သူသိပ်နားမလည်ပေ။ သူက ဒီတိုင်း ပစ္စည်းပို့ပေးရုံသပ်သပ်ဘဲ မဟုတ်ဘူးလား။

"အစ်ကို ဧည့်သည်တွေ ရောက်နေတာလား"

စံအိမ်ရဲ့ ဒုတိယထပ်မှ ဆင်းလာပြီး လေပြေအေးအေးလေးနှင့် မေးလိုက်တဲ့ အမျိုးသမီး အသံကြောင့် အသံလာရာကို လှည့်ကြည့်လိုက်သည်။ကျက်သရေရှိပြီး နူးနူးညံံညံ့နှင့် ဖော်ရွေသော အပြုံးတို့ပန်ဆင်ကာ ခြေတစ်လှမ်းချင်းလှမ်းရင်း သူတို့ အနားကို ရောက်လာခဲ့သည်။ ဘေးတွင်လည်း ကူညီပို့ဆောင်ပေးနေသူ ခပ်သွက်သွက်ကောင်မလေးတစ်ယောက်ရဲ့ လက်ကို ကိုင်လျက်ပေါ့။

"Yura ဘာလို့ ဆင်းလာတာလဲ .... နားနားနေနေ နေမှပေါ့ ၊ ညနေမှ လမ်းလျှောက်ရမှာကို"

ထိုစဉ် Mr.Jeon မှ

"ကဲ ... ဒါဆို ကျုပ်တို့ ပြန်လိုက်ဦးမယ် Mr.Lee ...၊ ကိစ္စတွေ စီစဉ်ပြီးတဲ့ နေ့ကျ ပြန်တွေ့ကြတာပေါ့"

You've reached the end of published parts.

⏰ Last updated: Aug 14 ⏰

Add this story to your Library to get notified about new parts!

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️Where stories live. Discover now