one

471 32 13
                                    


blind date လို့ခေါ်မရတဲ့ ချိန်းဆိုမှူ တစ်ခုကို မျက်မှောင်ကြုံ့လို့ နာရီတကြည့်ကြည့် စောင့်မျှော်နေရသည့် ရွှီမင်ဟောင့်။

လက်ထဲမှာ အရံသင့် ထိုးပေးဖို့ရာ Creative Director Seo Myungho ဟူသည့် လုပ်ငန်းကဒ်ကို ကစားနေမိသည်။

အချိန်မတိကျတဲ့သူတွေကို အမုန်းဆုံး ဖြစ်တဲ့အတွက် ကိုယ်နဲ့ လက်ထပ်ရမည့်သူကိုလည်း အချိန်လေးစားသူပဲ ဖြစ်စေချင်၏။

အတွင်းစိတ်တစ်နေရာကတော့ စိတ်မလှူပ်ရှားဘူးလို့ မငြင်းတော့ချေ။

ချိန်းဆိုထားသည့် ညနေ သုံးနာရီမထိုးခင် လေးမိနစ်မျှအလိုမှာ ဆိုင်မှန်ပြတင်းမှ လှမ်းမြင်လိုက်ရသည့် ပြောင်ရောင်နေသော Range Rover ကား အဖြူရောင်။

နာရီကို ပြန်ကြည့်ရင်း နှူတ်ခမ်းထောင့်ဟာ အလိုလိုကွေးတက်မိသွားသည်။

လက်ပတ်နာရီပေါ်မှ သတ္ထုလက်တံငယ်တို့ သုံးနာရီအတိသို့ ထိုးသည့်အချိန်မှာ

" ဒါရိုက်တာဆောမြောင်ဟို ကျွန်တော် နောက်ကျသွားရင် တောင်းပန်ပါတယ်။ "

" ကွက်တိရောက်လာတာပါ"

မပြုံးမရယ် မိတ်ဆက်လိုက်သည့် သူ့ကိုတော့ တစ်ဖက်က ရေပက်မဝင်အောင် ပြုံးပြနေသည့်အခါ အားနာမိသော်လည်း မတတ်နိုင်။

နဂိုမူအရ ပြုံးပြနှူတ်ဆက်ချင်သော်လည်း မိဘပေးစားလို့ လက်ထပ်ရမယ့်သူအရှေ့မှာတော့ ပထမဆုံးအမြင်ကို ချိုချိုသာသာနှင့် အလွယ်တွက်ခံရမည့်ပုံရိပ်မပြချင်..

" ကျွန်တော်တို့ တွေ့ဖူးတယ်နော်"

" ဟုတ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပါတ်လောက်ကတောင် Heire Pop Up Event မှာ ဆုံကြသေးတယ်။ ဒါနဲ့ ရွယ်တူပဲဆိုတော့ မြောင်ဟိုလို့ပဲ ခေါ်လို့ရမလား"

" ရပါတယ်"

အတော်ကို စကားပြောနိုင်သော လူသား။
အပြင်ပန်းအရတော့ အစစအရာရာပြည့်စုံနေတဲ့ လူမှန်း သိပြီးသားဖြစ်တာကြောင့် စိတ်အတွင်းကို မသိခင်ထိ ခပ်တန်းတန်းနေဖို့ ဆုံးဖြတ်ထားသည်။

marriage by chance, love by choice [gyuhao]✔️Where stories live. Discover now