"ဂယူ!!"မင်းဂယူကို ရုတ်တရက် ဘယ်မှာရှိနေလဲလို့ မေးပြီး ချက်ချင်းပဲ ကားနဲ့ လာခေါ်တဲ့ တဇွတ်ထိုးလေးသည် ဒီနေ့မှ အထူးတလည် ဘာကိစ္စရှိလို့ပါလိမ့်။
ကားပါကင်ရဲ့ ဓာတ်လှေကားတံခါးပွင့်သည်နှင့် အသင့်ရပ်စောင့်နေတဲ့ မြောင်ဟို့ကို အပြေးပွေ့ဖက်လိုက်မိရဲ့။
" အလောတကြီး ဘာတွေဖြစ်နေလို့လဲ မြောင်ဟို"
" ညစာသွားစားရအောင်"
ရင်ခွင်ထဲမှ ခေါင်းလေးထောင်လို့ ပြောလာသည့်အခါ မင်းဂယူက လက်ပတ်နာရီကို အရင်ကြည့်လိုက်သည်။
အချိန်က ညကိုးနာရီ။ အရမ်းကြီး နောက်ကျနေတာတော့ မဟုတ်သော်လည်း ညလင့်ပြီမို့ မင်းဂယူမှာ နားချင်လှပြီ။
" နောက်ကျနေပြီလေ"
" အာ..သွားရအောင်ပါဆို"
ပုံမှန်ဆို မြန်မြန်အားကုန်တတ်တဲ့ မြောင်ဟိုက ဒီနေ့မှ အရမ်းတက်ကြွနေတာဟာလည်း မြောင်ဟိုနဲ့မတူ။
" မြောင်ဟို ငါ အားတော့နာပေမဲ့ ဒီနေ့တကယ် အလုပ်များလာလို့ပါ။ မနက်က ရှူတင်သွားပြီးပြီးချင်း ရုံးကို အစည်းအဝေးလာတက်နေရတာ။ ပြီးတော့ တကယ် တကယ်ကို အလုပ်တွေပုံလာလို့"
မြောင်ဟို့ နဖူးကို အသာလေးဖိနမ်းရင်း တပြုံးပြုံးပြောလို့ ချော့လိုက်တော့လည်း မြောင်ဟိုက နှုတ်ခမ်းလေး ရှေ့ထုတ်လို့ ငြိမ်သွားရင်း ခေါင်းငြိမ့်တယ်။
" အဲ့တာဖြင့်လည်း.. အိမ်ပြန်ပြီး နားရုံပေါ့"
တစ်ခုခုကို အခဲမကြေဖြစ်သွားတာနဲ့ တူရဲ့။
ချက်ချင်းပဲ ဖက်ထားတာကို ဖယ်ပြီး ကားပေါ်တက်သွားတော့လည်း မင်းဂယူ အထွေအထူး သိပ်မမေးမိပါ။
မြောင်ဟိုက သူကားမောင်းမယ်ဆိုပြီး မင်းဂယူလက်ထဲက ကားသော့ကို လုသွားသည်နှင့် ပါးစပ်ပိတ်နေလိုက်ရပြန်သည်။
ညစာလိုက်မစားလို့ စိတ်ကောက်တာတော့ မဖြစ်နိုင်ပါဘူး။
တကယ့်အတွဲဖြစ်နေတာပဲ ဘယ်လောက်ကြာလှပြီလဲ။
YOU ARE READING
marriage by chance, love by choice [gyuhao]✔️
Fanfictionwhen the arranged marriage was no longer arranged.