စာချုပ်မှာ လက်မှတ်ထိုးပြီး လက်ထပ်ခဲ့တာက အတိအလင်း လွန်ခဲ့တဲ့ ဆယ့်ငါးရက်မျှတွင်။
မင်္ဂလာပွဲကတော့ လက်မှတ်မထိုးခင် သုံးရက်လောက်က လူသိရှင်ကြား လုပ်ခဲ့ပြီးပြီမို့ ယခုကား ပူပူနွေးနွေး လက်ထပ်ပြီးကာစ ကြင်စဦး ပုံရိပ်။
ဟန်းနီးမွန်းလား?
တော်ပါပြီ။ မင်္ဂလာပွဲကိစ္စနဲ့တင်ကို အလုပ်တွေပျက်နေရတာ တစ်ပုံကြီး။
တစ်အိမ်တည်းနေဖို့ရာအတွက် မင်းဂယူက မြို့လည်မှာရှိတဲ့ မြောင်ဟို့အပန်းဖြေအိမ်ရှိရာသို့ ပြောင်းလာပေးသည်။
အလွှာမရှိသော တစ်ထပ်အဆောက်အဦဖြစ်ပြီး ဧရိယာကျယ်သည်။ ရေတံခွန်ငယ်လေးပါဝင်သော စိမ်းစိုစို ပန်းခြံငယ်ရယ်နှင့် ရေကူးကန်တစ်ခု။ မြက်ခင်းပြင်ဧရိယာနှင့် လျှောက်လမ်း။
ခပ်အုပ်အုပ်သစ်ပင်တို့နှင့် မီးအိမ်ဆင်ထားသော တောအုပ်ငယ်လေးယောင် ခြံနောက်ဘက်။
ဒီအိမ်ကား မြောင်ဟို့ အသက်ဆယ့်ကိုးနှစ်ပြည့်တွင် ဖိုးဖိုးကြီး မွေးနေ့လက်ဆောင်ပေးသော အပန်းဖြေအိမ်ဖြစ်၏။
မင်းဂယူကတော့ ဒီအိမ်ကို သဘောကျတယ်လို့ နှူတ်ကတော့ ပြောရဲ့။
လက်ရှိ အတိုင်းအတာထိ ထင်ထားတာထက် အဆင်ပြေပါတယ်။ တစ်ဖက်က လူရှေ့သူရှေ့မှာနဲ့ ကွယ်ရာမှာ ကွာခြားမှူ သိပ်မရှိဘူး။ ပေါ့ပေါ့ပါးပါးပဲ ပြောဆို ဆက်ဆံလွန်းတာကြောင့်ရော ပူနွေးနွေးလက်ထပ်ထားကာစဖြစ်တာကြောင့်ပါ ဝေဖန်သံမျိုး မကြားမိသေး။
မြောင်ဟို့ဘက်က အနည်းငယ် အားစိုက်ထုတ်ရတာလေးတွေရှိသော်လည်း လူရှေ့ထွက်ရသည့်အခါမျိုးဠ် ဂင်မ်မင်းဂယူကိုပဲ တံတိုင်းကာသလိုကာပြီး ရောယောင်လို့ မီးစင်ကြည့်ကရသည်။
ယူရင်လည်း ယူတာပေါ့။ ချစ်လို့ကြိုက်လို့ ယူတယ်ဆိုပြီး လူကြီးတွေ ဖန်ထားတဲ့ ဇာတ်သည် အရှေ့မှာ အရံသင့်ရှိနေတဲ့အခါ လူရှေ့ထိ ကြိုက်ပြဖို့ လိုလာသည်ကိုး။
YOU ARE READING
marriage by chance, love by choice [gyuhao]✔️
Fanfictionwhen the arranged marriage was no longer arranged.