" လပိုင်းလောက် ရှိလာပြီဆိုတော့ ဘာများထူးသလဲ"
" ဟိုလိုဒီလိုပါပဲ"
မင်းဂယူ ကြာကြာလိမ်လို့မရပါ။ အရမ်းပေါင်းဖြစ်တဲ့ ဂျယ်ဟျွန်းတို့ အတွင်းလူ အုပ်စုမှာ အကုန် ခရေစေ့တွင်းကျ သိနေကြခြင်းသည် ပြဿနာ။
မြောင်ဟို့ကိုတော့ သူတို့ရဲ့ ဇာတ်မျောကြီးကို မင်းဂယူ ဘေးပတ်လည်က လူတွေမသိထားသယောင် ပြောထားသော်လည်း ဂျယ်ဟျွန်းနဲ့ ဒုံမင်ကတော့ သိနေခဲ့၏။
ယမန်နေ့ညက ပါတီမှာတော့ ဂျယ်ဟျွန်း၊ ဒုံမင်တို့အပြင် မသိတဲ့သူတွေလည်း အများကြီးရှိနေတာကြောင့် အတည် လုပ်ဇာတ်လိုနေရသည်။
" ငါတို့ပဲ အကြောင်းသိနေလို့ မြင်ကြည့်လို့မရတာလားမသိ။ မင်းနဲ့ မြောင်ဟိုက ဘယ်လောက် ပူးကပ်နေနေ အတွဲအစစ်နဲ့တူမနေဘူး"
" မြောင်ဟိုက အရမ်းငြိမ်လို့လည်း ဖြစ်မယ်"
ဒုံမင်နဲ့ ဂျယ်ဟျွန်းတို့ မှတ်ချက်တွေဟာ အကုန် အမှန်တွေချည်း။
ရင်းနှီးလာသော်လည်း စိတ်ထဲမှာ အချိန်ပြည့် ခပ်တန်းတန်းဆန်မှူ မကျန်သေးဘူးဆို လိမ်ရာကျမည်။
မင်းဂယူ အကျင့်အရ မြောင်ဟို့ ဆံပင်သွားဖွလိုက်မိကာစဆို စိတ်ဆိုးတော့မယ်တောင် ထင်ခဲ့သေး၏။
" မြောင်ဟိုနဲ့ ရင်းနှီးလာပါပြီ"
" ရင်းနှီးလာတယ်ဆိုပြီး ကြိတ်ပျော်နေတာ ဒီကောင်"
မင်းဂယူ ခေါင်းခါလို့သာ ရယ်လိုက်သည်။ ဘေးကနှစ်ကောင် စနောက်ချင်နေတဲ့ ရှူထောင့်ကို သိတာကြောင့် ငြင်းရ၏။
မြောင်ဟို့အပေါ် နည်းနည်းလေးတောင် ခံစားချက်မရှိနေတာကြောင့် ချစ်တာ ကြိုက်တာတွေ မဖြစ်ဖို့ရန်ငှါ ပြတ်ပြတ်သားသားလုပ်ထားကာမှ။
အဲ့တာထက် ဂင်မ်မင်းဂယူတစ်ယောက် စိတ်ယိုင်လျှင်တောင်မှ ဆောမြောင်ဟိုပုံစံနဲ့ တန်ပြန်လာဖို့ဆို အဝေးကြီးလေ။
YOU ARE READING
marriage by chance, love by choice [gyuhao]✔️
Fanfictionwhen the arranged marriage was no longer arranged.