ကော်ဖီသောက်ပြီး အိပ်မပျော်တော့တဲ့ လူလိုပဲ
ဘယ်အရပ်သွားသွား ဆောမြောင်ဟို မျက်နှာပဲ ပေါ်လာတယ်။မျက်လုံးမှိတ်တာနဲ့ ဆောမြောင်ဟို မျက်နှာပဲ မြင်ယောင်။
မြောင်ဟိုတစ်ယောက် စာဖတ်ခန်းထဲမှာ ဒီဇိုင်းတွေဆွဲရင်း အိပ်ပျော်နေတယ်ဆို လက်ဖဝါးချင်း တိုင်းကြည့်မိသည်။
လူထုရှေ့သိပ်ထွက်စရာ မရှိနေသည့်တိုင်တောင် မြောင်ဟို့ကို တရိပ်ရိပ်ကြည့်ပြီး ဂရုစိုက်နေမိသည့်အခါ ဘယ်လို ခံစားချက်မျိုး ရှိနေသလဲဆို သဲကွဲပါ၏။
ဒီရက်ပိုင်း ကပ်ဆိုးဝင်သလိုကို ခေါင်းထဲအပြည့် နေရာယူနေသည့်အခါ မြောင်ဟို့ မျက်နှာကိုလည်း တည့်တည့်မကြည့်ရဲ။
မဆိုစလောက်တော့ ကြာပြီ။
တရုတ်နှစ်သစ်ကူးပွဲရက်က မြောင်ဟို့မေမေက သီးသန့် စကားခေါ်ပြောပြီးကတည်းက စိတ်ထဲ မကောင်းလို့ရော၊ မထင်မှတ်ပဲ ရင်ခုန်တတ်လာတာကြောင့်ရော... စိတ်အလိုလိုက်ရင်း မြောင်ဟိုနဲ့ ပိုရင်းနှီးအောင် နေနေပေမဲ့ ဆောမြောင်ဟိုတစ်ယောက် တစ်နေ့တစ်ခြား ပိုလှလာသည်။ ပိုကြည့်ကောင်းလာသည်။ ပိုပြီး ချစ်ဖို့ကောင်းလာသည်။
ပိုပြီး စိတ်ဝင်စားမိလာတယ် ထင်ပါရဲ့။ တစ်ရက် ကွာရှင်းရမယ်ဆိုတဲ့ အမှန်တရားဆီကို ခုန်ဆင်းရမှာ မေ့သွားတတ်သည်။
ဂင်မ်မင်းဂယူက ကိုယ်တိုင်သုံးသည့် ရေမွှေးတွေထက် သုံးဆလောက် ပိုပြင်းသည် ထင်ရသော ဆောမြောင်ဟိုထံမှ ရေမွှေးနံ့ စူးစူးတွေကို တစ်ချိန်လုံး အလွတ်ရနေပြီ။
မြောင်ဟိုက သူ့စည်းနဲ့သူ ဖြစ်နေလျက်ကို မင်းဂယူ ဒီလိုတွေ ဖြစ်နေရတာ စိတ်မဖြောင့်ချေ။
ယခုလက်ရှိဖြစ်နေသည့် ရောဂါကား သူငယ်ချင်းလို့ မသတ်မှတ်နေပါကြောင်း ထင်ရှားလွန်းနေသည့်အခါ တစ်ဖက်သတ် ချစ်ကြိုက်ခြင်း ဖြစ်စပြုနေပြီမှန်း ကိုယ်တိုင်သိနေခြင်းပင်။
အသက်သုံးဆယ်ပြည့်ဖို့ သိပ်မလိုတော့တာ ကိုယ့်စိတ်ဝင်စားမှူကိုယ် သက်သက်ကြီး ဆန်းစစ်နေရအောင် အခုမှ အချစ်နဲ့ထိတွေ့ဖူးတဲ့ ဆယ်ကျော်သက်လည်း မဟုတ်ဘူး။
YOU ARE READING
marriage by chance, love by choice [gyuhao]✔️
Fanfictionwhen the arranged marriage was no longer arranged.