eight

231 27 6
                                    


" ကိုကိုပေါက်စရာ ဆောမြောင်ဟိုက ကျွန်တော့်ကို ပိတ်ရက်မပေးတာကို ကျွန်တော် မသွားရင် အလုပ်ဖြုတ်ခံရမှာပေါ့"

" မင်းတစ်ယောက်စာကိုတော့ တင်ကျွေးထားနိုင်ပါတယ် ဆော့မင်ရယ်"

အချွဲပိုသော အစ်ကိုလေးဆွန်းယောင်းက ပါးဖောင်းဖောင်းလေးတွေနဲ့ ဆူပုတ်ပြောသည့်အခါ ဘယ်လိုများ လွန်ဆန်နိုင်ပါ့မလဲ။

ဆောမြောင်ဟိုကလည်း တစ်ချက်လွှတ်အမိန့်နဲ့ စိတ်ကောက်သွားတာက တစ်ကြောင်းဆိုသော်လည်း ရည်းစားလေးနှင့် သွားရလာရဖို့ဆိုတာ လွယ်မှ မလွယ်တာ။

မရရအောင် ခွင့်ပြန်တိုင်ရမှာပေါ့။

အခုလည်း အပြင်ထွက်ချင်ပါတယ် တကဲကဲပြောနေသော်လည်း သတင်းထောက်တွေဆီ မိမှာစိုးလို့ အဆိုးလေး တည်းခိုရာ ဟိုတယ်ခန်းမှာပဲ လာတွေ့ရတာ။

" မင်းကလည်း မင်းပဲလေ။ ကိုယ်နဲ့ တွဲနေတဲ့အကြောင်း သူငယ်ချင်းကို ဘာလို့ မပြောရတာလဲ"

" ဒင်းက သူ့အပူနဲ့သူ ဖြစ်နေတာ။ ဘာအပူမှန်းလည်း ကျွန်တော့်ကို မပြောလို့ လွှတ်ထားရင်းက မပြောဖြစ်ပဲ ဖြစ်သွားတာ ကိုကိုရယ်"

" ဟော ခက်လှပါပြီ။ ဒီကလေးတွေနှယ့်"

" အဲ့တာထက် ကိုကိုလည်း ဆင်ဆင်ခြင်ခြင်နေပါအုံး။ ဘာလို့ တူတူဝယ်ထားတဲ့ ဦးထုပ်ကို သွားလေရာ ဆောင်းနေတာတုန်းဗျာ။"

" အွန် ကိုယ့်မှာ သွားလေရာ သယ်စရာ အဲ့တာပဲ ပေါ့ပေါ့ပါးပါးရှိတာကို။ ကိုယ့်ထက် ဆော့မင်က ဘာလို့ ပိုလျှို့ဝှက်ခင်နေရတာလဲ ဟမ်။ ကိုယ့်ကို မချစ်ပဲ တွဲနေတာလား"

ကြံဖန်ရစ်ပုန်သည့်အခါတော့ အူယားလို့မှ နှာခေါင်းလုံးလုံးလေးကို ချုပ်နမ်းမိပါတော့၏။

" စွပ်စွပ်စွဲစွဲတွေ လျှောက်မပြောစမ်းပါနဲ့။ သိချင်တဲ့အချိန် လူတွေ သိကြပါစေပေါ့။ သူတို့က ဘာလုပ်လို့ရမှာလဲ။ ကိုကို့ကို ရတာ ကျွန်တော်လေ"

" ဆော့မင်နီး အတတ်ကလေး"

ဟီးခနဲ ရယ်ပြလိုက်တော့ အစ်ကိုလေးဆွန်းယောင်းဟာ လက်မောင်းကို ဆွဲလို့။

marriage by chance, love by choice [gyuhao]✔️Where stories live. Discover now