" အဲ့ကောင်ကို ထပ်ပေးပြန်ပြီးလား ..ဂျီမင် အဲ့ကောင်က ရှင့်ဆီကနေ ချုစားနေတာ "
အလုပ်မသွားခင် ဂျီမင့်ဆီကို အရင်လာတွေ့တဲ့ နူနာ ( ဟန်ဆော့ယွန် ) ။ ဟန်ဆော့ယွန်ကအ၀င် ကန်မာယူက အထွက် တန်းတိုးလေသည် ။
" မဟုတ်ပါဘူး နူနာရယ် .."
နူနာက ကန်မာယူကို လုံး၀သဘောမကျပေ ။ နူနာနဲ့ ဂျီမင်က အရင်က တိုက်ခန်းကပ်ရပ်ဖြစ်လေသည် ။ အလုပ်၀င်စလည်း ဖြစ်ပြီး နူနာက ဂျီမင့်ကို မောင်လေးတစ်ယောက်လို သဘောထားပြီး ချစ်ပေးတာ ဖြစ်သည် ။ ဒါကြောင့်မို့ နူနာပေါ်ကိုတော့ ဂျီမင်မကွယ်မဝှက်ပဲ ပြောပြလေသည် ။
" ဘာမဟုတ်တာလဲ ..အားအားရှိ ရှင့်ဆီကပဲ ယူနေတာ ၊ မေးပါအုန်းမယ် ၊ ရှင့်မွေးနေ့ မနက်ဖြန် တစ်ဘက်ခါဆိုရောက်ပြီး သူရှင့်အတွက် ဒီ၅နှစ်အတွင်းမှာ ဘာပေးဖူးသလဲ ?"
" နူနာကလဲ ..ယူချင်တာရှိလို့ ပေးလိုက်တာမှ မဟုတ်တာ ၊ ဒါသူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ .."
" တော် .."
နူနာက ကုတင်ဘေးမှာ ကပ်ပြီး ဆက်ပြောလာမဲ့စကားတွေကို ရပ်ခိုင်းသည် ။ ကျွန်တော်လည်း ဘာမှဆက်မပြောတော့ပေ ။ နူနာပြောလည်း ပြောချင်စရာ ၊ ဆေးစစ်ချက်အဖြေရပြီးတဲ့အထိ အတူနေပေးပါဆို အလုပ်ရှိတယ်ဆိုပြီး ချက်ချင်းထွက်သွားတာ ။
" ဆရာ၀န်က ဘာပြောလဲ ..အလုပ်ကိုတော်သင့်ယုံလုပ်ပါဆိုလည်း မရဘူး ၊ အခုတော့ ဆေးရုံရောက်ပြီးမလား ?"
" ကျွန်တော် အမေအစား ရထားသလိုပဲ ၊ နူနာက တအားဆူတာ "
အသီးခြင်းလေး နူနာက ပေးတော့ ဂျီမင်ပန်းသီးကို ယူကာ စားသည် ။ အမေရိကာနိုနဲ့ ဘာဂါစားထားတာမို့ နှစ်ကိုက်၊ သုံးကိုက်လောက်သာ ကိုက်ပြီး ပြန်ထားထားလေသည် ။
" မျက်နှာက တော်တော်ချောင်ကျသွားတယ် ၊ မျက်နှာလေးက လန်းနေလို့ တော်သေးတယ် ၊ အလုပ်မှာ ခွင့်ယူထားပေးမယ် ၊ မပူနဲ့ကြားလား ..ကိုယ့်အတွက်ကိုယ်လည်း သုံးအုန်း "
" ဟုတ်ကဲ့ပါ မကြီးရယ် "
ပြောရင်းဆိုရင်း အခန်းက လိပ်ကာကို ဖွင့်ပြီး ဆေးရုံရဲ့ ပရဝံကို လိုက်ကြည့်မိလေသည် ။ ခုံရှေ့ပေါ်မှာ ဂျုတီကုတ်နဲ့ တစ်ယောက်ထဲ ထိုင်ကာ ဆေးလိပ်သောက်နေတဲ့ သူကို ဂျီမင်တွေ့လိုက်လေသည် ။ ဂျီမင့်အကြည့်တွေသည် ထို ဆရာ၀န်ဆီက မခွာမိပေ ။ ဘာလို့များ လာဖက်တာပါလိမ့် ? ။ ဘာလို့ ကျွန်တော်ကရော ခံစားချက်မကောင်းရတာလဲ ? ။ နူနာပြောသလို သူတစ်ပါး ၀မ်းနည်းတာကို မကြည့်နိုင်တဲ့လူမို့လား ? ။ ထိုဆရာ၀န်ရဲ့ အကြည့်တွေက စူးရှသည် ။
YOU ARE READING
Fools _ 2 { Young & Beautiful }
Fanfictionဒီဘ၀မှာ စောင့်နေပေးရတဲ့လူက ကိုယ်ပဲ ဖြစ်ပေးမှာပေါ့