🌼 1 🌼

422 54 15
                                    


Las Vegas

ဒီဘ၀မှာတော့ ကျွန်တော်ဟာ New York မှာမဟုတ်ပဲ Las Vegas မှာ မွေးဖွားခဲ့သည် ။ မိဘတွေက အေဆေးနေတက်သလို ၊ သူငယ်ချင်းလို၊ မောင်နှမလို ပေါင်းသင်းနိင်တာကြောင့် အတိတ်ဘ၀မှာ မှတ်မိနေတဲ့ ကျွန်တော့်ရဲ့အကြောင်းကိုလည်း မိဘတွေက သိသည်။  အစက သိပ်မယုံပေမဲ့ အခုချိန်ထိ အသက်ရှင်နေသေးတဲ့ အရင်ဘ၀က ကျွန်တော့်ဒယ်ဒီကို သွားတွေ့ခွင့်ရခဲ့သည်။  အသက်က မှည့်ကြွေချိန်ရောက်ပြီးမို့ အရင်လို မာန်တွေ ရှိမနေတော့ချေ ။ ဒယ်ဒီကတော့ ကျွန်တော့်ကို သားအဖြစ်လည်း လက်ခံသလို ၊ ဒယ်ဒီရဲ့မယားပါသမီး မီကတော့ ကျွန်တော်မဆုံးခင်ကနဲ့ အခုတော့ လွန်စွာကွာခြားသွားလေသည်။ သွက်လက်နေတက်တဲ့ သူမရဲ့ပုံစံလေးသည် အခုတော့ တည်ငြိမ်အေးချမ်းနေလေသည်။  မီကတော့ ဒီဘ၀မှာ ကျွန်တော့်ထက် အသက် ထက်၀က်လောက် ကြီးပေမဲ့ ကျွန်တော့်ကို မြင်မြင်ချင်း " ကိုကို " ဆိုပြီး မျက်ရည်အရွှဲသားနဲ့ ခေါ်ပြီး ဖက်ငိုခဲ့တာ ။ အခုတော့ ကျွန်တော်ဟာ "မီ"အိမ်ထောင်ပြုပြီး ကလေးယူရင် သားအရွယ်ဖြစ်နေလေသည် ။ မိဘတွေက ကျောင်းပြီးရင် သဘောစိတ်ကြိုက် လုပ်ပိုင်ခွင့်ပြုမယ်ဆိုတာကြောင့် " မင့်" ကို ရှာတဲ့လုပ်ငန်းကို ရပ်ထားရသည် ။

" ကိုကို ဆေးလိုင်းပဲ ယူထားတယ်ဆို "

" အင်း ...ဒါက ကိုကိုကျွမ်းကျင်တဲ့အလုပ်ပဲ ၊ စာတွေ ၊ နည်းပညာတွေ ပြောင်းလဲသွားတယ်ဆိုပေမဲ့လဲ ?"

မီကတော့ ကျွန်တော့်ကိုနစ်ယောက်ထဲရှိတဲ့အချိန်ဆို " ကိုကို " ဆိုပြီးပဲ ခေါ်တက်သည် ။မီက အိမ်ထောင်မပြုပေ။  ဒီဘ၀မှာ ဘာမှမတော်တော့ပေမဲ့ အတိတ်က တစ်ယောက်ထဲ ချန်ထားမိခဲ့တဲ့ ကျွန်တော့်ဒယ်ဒီကို မီက စောင့်ရှောက်ပေးနေတာဖြစ်လေသည် ။ အခုတော့ ကျွန်တော်ဟာ အဖေနစ်ယောက်ရှိပြီး အမေလည်း နစ်ယောက်ရှိလေသည် ။ပြီးတော့ မီ ။ ဒယ်ဒီနောက်မိန်းမယူတော့ မီနဲ့ ကျွန်တော် တည့်တဲ့အထဲ မပါခဲ့ပေ ။ မီကတော့ အမြဲတမ်း ကျွန်တော့်ကို အစ်ကိုရင်းတစ်ယောက်လို ချစ်ရှာခဲ့သည် ။

" ဒါနဲ့ ကိုကို့ကောင်လေး‌ကိုရော တွေ့ပြီးလား ?"

ကားမောင်းနေရင် မီမေးတော့ ကျွန်တော့်ဘက်က တိတ်ဆိတ်သွားမိသည်။  မင်နဲ့ ကျွန်တော် မတွေ့ရသေးပါ ။ America မှာ ပတ်စိတ်တိုက် ရှာခဲ့ပေမဲ့ မင်နဲ့တူတဲ့လူ တစ်ယောက်မှ ရှာမတွေ့ပေ ။

Fools _ 2 { Young & Beautiful } Where stories live. Discover now