" ဘာလို ငြိမ်နေတာလဲ ?"
ဒေါက်တာဆီက ထွက်လာတဲ့အမေးကြောင့် ဂျီမင်တစ်ချက်ကြောင်သွားသည် ။
" ဟမ်..!!"
" သူစိမ်းတစ်ယောက်က ကိုယ့်မျက်နှာနားကပ်လာတာကို ဘာလိုငြိမ်နေတာလဲလို့ "
ဟုတ်ပါရဲ့။ ဂျီမင် ဘာလိုငြိမ်ခံနေရတာလဲ ? ။ မဟုတ်သေးပါဘူး။ ဘာတွေ တွေးနေပါလိမ့်။
"....."
ဒေါက်တာ့ရဲ့အနားကနေ ဂျီမင်ခွာလိုက်သည်။ ရုတိတရက်ပြောစရာစကားတော့ ဂျီမင်မှာမရှိပါ ။ သို့ပေမဲ့ ဒေါက်တာရဲ့လက်က ဂျီမင်ရဲ့လက်မောင်းကို ပြန်ဆွဲသည်။
" ကိုယ့်နားမှာနေ ..."
" ကျွန်တော်ပြန်တော့ .."
" ကိုယ့်နားမှာပဲနေ "
ဂျီမင်လက်မောင်းဆီကနေ ထယ်ယောင်းလက်ဖဝါးသည် လက်ကောက်၀တ်နေရာသို့ ရောက်သွားလေသည် ။ ပြီးတော့ အခန်းထဲကို ခေါ်သွားလေသည်။ ထယ်ယောင်းက မီးအိမ်ကို ဖွင့်လိုက်သည် ။
" မီးက တစ်မြို့လုံးပျတ်တာ မဟုတ်ဘူး၊ ဒီနားမှာ ကိစ္စတစ်ခုခုဖြစ်လို့နေမယ် ၊ လက်ဖက်ရည်သောက်ပြီးမှ ပြန် "
" ဒေါက်တာ .."
ထယ်ယောင်း လက်ဖက်ရည်ဖျော်ပေးမလို လုပ်နေတုန်း ဂျီမင်ရဲ့အသံကြောင့် လှည့်ကြည်ကာ ခေါင်းကို ဆက်ပြသည် ။
" ဒေါက်တာ ဘာလိုကျွန်တော်အပေါ်ကောင်းနေတာလဲ ..?"
ဒါဂျီမင်သိချင်တဲ့အဖြေပင်ဖြစ်သည် ။ တွေ့တာမှ မကြာသေးတဲ့ သူလိုလူကို ဒီလောက်ထိ ကောင်းပေးနေစရာအကြောင်းမရှိပေ။
" မင်းရည်းစားနဲ့ ပြသာနာဖြစ်သေးလား ?"
" ဗျာ .."
ဂျီမင်မေးတဲ့ မေးခွန်းကို ထယ်ယောင်းက တစ်ဖက်လှည့်နဲ့ အခြားမေးခွန်းကို ပြောင်းမေးလေသည် ။
" ကိုယ်နဲ့မင်းအပြင်သွားတာကို တွေ့သွားတယ်မလား ?"
" မဖြစ်ပါဘူး ၊ ကျွန်တော် ပြောပြထားပါတယ် ၊ မာယူက စကားပြောတာ မကောင်းပေမဲ့ ပြသာနာရှာတက်တဲ့လူမျိုးတော့ မဟုတ်ပါဘူး "
YOU ARE READING
Fools _ 2 { Young & Beautiful }
Fanfictionဒီဘ၀မှာ စောင့်နေပေးရတဲ့လူက ကိုယ်ပဲ ဖြစ်ပေးမှာပေါ့