" နိုးပြီးလား ဂျီမင် "
" နူးနာ.. ဒီမှာအိပ်တာလား ..?"
နူးနာက အ၀၀တ်အစားတောင် လဲထားလေသည် ။ ဂျီမင့်အ၀တ်အစားတွေကို ကောက်၀တ်ထားတာ ။ ဂျီမင်စဉ်းစားသွားရသည်။ ဒါကို သိတဲ့ နူးနာက
" ဘာမှ တွေးမနေနဲ့ ..ဒေါက်တာက မိုးလင်းခံနီးမှ ပြန်သွားတာ ၊ ကျွန်မကလည်း ဆိုဖာပေါ်မှာ အိပ်တာ "
" ဪ ..."
" နိုးရင် ဆေးသောက်ဖို့လုပ် ... ဒေါက်တာက မနက်စာအတွက် လာပို့သွားတယ် "
" ဟင့် ...!!"
နူးနာက အလျင်စလိုနဲ့ ခေါင်းစီးကြိုးနဲ့ ဆံပင်တွေကို ထုံးကာ စီးလိုက်လေသည်။ ပြီးတော့ ဂျီမင့်ဘေးနားမှာ လာရပ်သည် ။
" ဆေးကုန်သွားပြီးပဲ "
သူ့လက်မှာ ဆေးသွင်းထားတာကို အခုမှပဲ သတိထားမိတော့သည် ။ နူးနာက အပ်ကိုရော ဆေးပိုက်တွေကိုပါ ဖြုတ်သိမ်းပေးလေသည် ။
" နေရသက်သာလား ?"
" သက်သာတယ် ၊ဒါနဲ့ ဒေါက်တာရော "
" သူ့အခန်းကို ပြန်သွားပြီးလေ ..တစ်ညလုံးလည်း မအိပ်ဘူးထင်တယ် ၊ မနက်စာပါ ပြင်ဆင်ပေးသွားသေးတာ ၊ အခုတော့ ဆေးရုံကို ရောက်သွားလောက်ပြီးပေါ့ "
"..."
" ကဲ မျက်နှာသွားသစ်လိုက်၊ ပြီးရင် မနက်စာအတူစားရအောင် "
နူးနာက ဂျီမင့်အခန်းထဲက ပစ္စည်းတွေကိုပါ ၀င်ရှင်းပေးလေသည် ။ ပြီးတော့ ဂျီမင်နဲ့အတူ မနက်စာ စားပြီး အိမ်သို့ ပြန်သွားသည်။ ဂျီမင်ကတော့ တစ်ယောက်ထဲ ကျန်ခဲ့လေသည်။ ဖုန်းက စာ၀င်လာသံ ကြားတာကြောင့် ဂျီမင်ကောက်ကိုင်လိုက်သည် ။ မာယူဆီက ပို့ထားတဲ့စာ ။ ညကထဲက ပို့ထားတဲ့ စာတွေကလည်း အမြောက်အများပဲ ။ ဂျီမင်ခေါင်းကို ကုတ်လိုက်သည် ။
[ ဘာလို စာမပြန်တာလဲ ?]
[ ဂျီမင် မင်းဘာဖြစ်နေတာလဲ ...?]
[ မင်းငါ့ကွယ်ရာမှာ ဘာလုပ်နေတာလဲဂျီမင် ]
[ မင်းဖောက်ပြန်နေတာလား ?]
နောက်ဆုံးက စာကြောင်းကြောင့် ဂျီမင်စောင်ကြားထဲသို့ ဖုန်းကိုပစ်ထည့်လိုက်သည်။ ပြီးတော့ မျက်နှာသစ်ဖို့ လုပ်တော့လေသည်။ ရေချိုးခန်းထဲမှာ မှန်ကိုကြည့်ရင် ပါးကိုပွတ်လိုက်သည်။ ဘာလိုအနမ်းခံလိုက်ရတယ်ဆိုပြီး ထင်နေပါလိမ့် ? ။ အိမ်မက်ထဲမှာ အနမ်းခံရတာကိုလား ? ။ နေပါအုန်း ..ညကလဲ အရင်အိမ်မက်ကို မမက်ဘူးပဲ ။ ထူးထူးဆန်းဆန်းပဲ ။
YOU ARE READING
Fools _ 2 { Young & Beautiful }
Fanfictionဒီဘ၀မှာ စောင့်နေပေးရတဲ့လူက ကိုယ်ပဲ ဖြစ်ပေးမှာပေါ့