ဒေါက်တာက ဒီမှာနေတာတဲ့ ။ ထူးဆန်းလိုက်တာ ။ ကျွန်တော့်ဘေးခန်း မည်သူမျှ မနေတာ နှစ်နဲ့ချီကြာခဲ့ပြီး ၊ သရဲခြောက်သည်ဟူ၍ တိုက်ခန်းပိုင်ရှင်တွေက ပြန်ပြန်ရောင်းကုန်ကြတာဖြစ်သည်။ ကျွန်တော်ကတော့ ဘေးအခန်းမို့ ဈေးသက်သက်သာသာနဲ့ ရတော့ ၀ယ်လိုက်တာဖြစ်သည် ။သရဲကြောက်တက်ပေမဲ့ အခုထိ သရဲထင်ရတဲ့ အရာတွေကို ဘာတစ်ခုမှ ကျွန်တော်မတွေ့ရပါ။ ဒေါက်တာရဲ့ အိတ်တွေကို ကူသယ်ပေးမလို လုပ်ပေမဲ့ ဒေါက်တာက
" ကိုယ့်ပစ္စည်းတွေက လေးတယ် "
ကိုယ့်ကို ကုပေးတဲ့ ဒေါက်တာမို့ ဂျီမင်လည်း ပြောင်းရွေ့ရေးမှာ ကူညီပေးချင်တာ ဖြစ်သည်။ သို့ပေမဲ့ ဒေါက်တာက လက်မခံ ။
" ကျွန်တော်နိင်ပါတယ် "
" ဒါဆို မုန့်အိတ်သယ်ခဲ့ပေးပါလား ?"
ဒေါက်တာထိုးပြတဲ့ မုန့်အိတ်ကို ယူလိုက်တော့ ပေါ့လွန်းနေသည် ။ ဘာမုန့်တွေလည်း မသိပေမဲ့ မုန့်တွေက ဒီလောက်ပေါ့တာလား ? ။ ဒေါက်တာနဲ့အတူ ဒေါက်တာရဲ့ အခန်းထဲကို လိုက်၀င်လေသည်။ ပစ္စည်းတွေ ချနေတုန်းကတော့ လူ လေး၊ငါးယောက်ရှိပေမဲ့ အခု ကျွန်တော်တို့အခန်းထဲ ရောက်တဲ့အချိန် မည်သူမျှ မရှိတော့ချေ ။ အခန်းက သန့်ရှင်းရေးတော့ မလုပ်ရသေးပေ ။ စာပွဲပေါ်မှာ မုန့်အိတ်ကို တင်လိုက်ပြီး အခန်းကို လှည့်ပတ်ကြည်မိသည် ။ အခန်းရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ဓာတ်ပုံနှစ်ပုံ ။ ထိုဓာတ်ပုံနစ်ပုံလုံးတွင် ဒေါက်တာက ပါ၀င်နေပြီး ၊ နောက်တစ်ပုံက အမျိုးသားကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပုံ ၊ နောက်တစ်ပုံက အဘိုးအရွယ်တစ်ယောက် ၊ အဘွားအရွယ်တစ်ယောက် ၊ အန်တီအရွယ်ပေမဲ့ လှပနေတဲ့ အမျိုးသမီးတစ်ယောက်ပုံဖြစ်နေလေသည် ။ မိသားစုဆိုရင်လည်း စုရိုက်မှာပေါ့ ။ ဘာလို တစ်ပုံချင်းဆီ ဖြစ်နေတာပါလိမ့် ? ။ ချိတ်ထားတဲ့ ဓာတ်ပုံနစ်ပုံလုံးက ခပ်စောင်းစောင်းဖြသ်နေလေသည် ။ လက်ကိုဆန့်ပြီး တည့်ပေးမလို လုပ်ပေမဲ့ ဓာတ်ပုံက မြင့်လွန်းသည် ။ မမှီတမှီကို ဖြစ်နေတာ ။
" ဟင့် ...!!"
ကျွန်တော့်ရဲ့ နောက်ကျောပြင်မှာ လာထိတွေ့နေတဲ့ အရာကြောင့် နောက်လှည့်ကြည့်လိုက်မိသည် ။ ဒေါက်တာက ကျွန်တော်နဲ့ အနီးဆုံးမှာ ကပ်ကာ ရပ်ပြီး ဓာတ်ပုံကို တည့်လိုက်တာ ဖြစ်သည် ။ မြင်လိုက်ရတဲ့ မြင်ကွင်းက နှာတံစင်းစင်းလေးက ထင်းခနဲ့ပဲ ။ ပြီးတော့ နီညိုရောင်သန်းနေတဲ့ နူတ်ခမ်း ၊ မေးရိုး ။
YOU ARE READING
Fools _ 2 { Young & Beautiful }
Fanfictionဒီဘ၀မှာ စောင့်နေပေးရတဲ့လူက ကိုယ်ပဲ ဖြစ်ပေးမှာပေါ့