"မနက်စာကိုကောင်းမွန်စွာစားခဲ့ရပါတယ်...
ကျောင်းသွားပါတော့မယ်နော်"မနက်စာစားခြင်းကိုလက်စသတ်ရင်း ပြောလိုက်တဲ့ Wonwooကြောင့် ခံ့ညားလှတဲ့ထမင်းစား စားပွဲထိပ်မှာထိုင်ကာစားနေတဲ့အဖေက တချက်မော့ကြည့်လာတယ်။
"စားပြီးပြီလား၊ ဒီနေ့တော့
ဒရိုင်ဘာYoonက နေမကောင်းနေလို့ သူ့သားအစားလာဝင်ပေးတယ်ေပြာတယ်၊ ကားကိုသေချာမောင်းခိုင်းပြီး ဂရုစိုက်အုန်း၊ လူငယ်ဆိုတော့ အလုပ်ကိုလက်လွတ်စပယ်တွေလုပ်မှာစိုးလို့""ဟုတ်"
နဂိုကထဲကစကားများများမပြောတတ်တဲ့ အနေအေးသူ Wonwooအတွက် အဖေ့ကို တခွန်းသာပြန်ပြောရင်း ကျောင်းသွားဖို့ထွက်လာခဲ့လိုက်တယ်။
စံအိမ်ရှေ့ရပ်ထားတဲ့ကားဆီ Wonwooရောက်ခါနီးမှာ ကားဘေးအဆင်သင့်ရပ်နေသူက အရံသင့်တံခါးဖွင့်ပေးလာခဲ့တယ်။ ဒရိုက်ဘာဦးလေးကြီးမဟုတ်တော့ အထွေထူးမကြည့်မိပေမယ့် မရည်ရွယ်ပဲ သတိထားမိသွားခဲ့တာက နီညိုရောင်ဆံနွယ်ရှည်တွေ....
အကုန်စုသိမ်းပြီးနောက်ကိုချည်နှောင်ထားပေမယ့် Wonwooအတွက်ကားတံခါးဖွင့်ပေးနေတုန်းမှာ ရုတ်တရက်ပခုံးတဖက်ကနေကျလာခဲ့ခြင်းဟာ အကြည့်လွှဲပြီး ကားထဲဝင်ထိုင်ပြီးသည့်အထိ Wonwooမျက်လုံးထဲစွဲကပ်ပါလာတုန်း....။
ကားတံခါးသေချာပြန်ပိတ်ပေးပြီးမှ ရှေ့မောင်းသူနေရာကိုပြန်သွားရင်း နေရာတကျယူလိုက်သူဆီက ဘာစကားသံမှတော့ထွက်မလာခဲ့ပေ။
ပုံမှန်ဦးလေးကြီးYoonသာဆို "ကောင်းကောင်းအိပ်ပျော်ခဲ့လား၊ နေကောင်းရဲ့လား"ဆိုတဲ့စကားသံတွေနဲ့အတူစနောက်ရင်းWonwooကျောင်းသွားတဲ့ရက်တွေက လန်းဆန်းနေခဲ့ပေမယ့် ဒီနေ့တော့ထူးဆန်းစွာတိတ်ဆိတ်နေလေရဲ့။
ကားကိုတည်ငြိမ်ကျွမ်းကျင်စွာမောင်းနေသူကိုတချက်ကြည့်မိရင်း အဖေမှာလိုက်တာကိုတချက်သတိရမိသွားတယ်။
*လူငယ်ပေမယ့် အလုပ်ကိုတည်ငြိမ်စွာသေချာလုပ်ပါတယ်*ဆိုပြီးလဲ တွေးမိသွားရဲ့....။
Maskတပ်ထားပြီးဦးထုပ်ဆောင်းထားသူရဲ့မျက်နှာကိုWonwooသေချာမမြင်ရပေမယ့် ထပ်သတိထားမိလိုက်တာက ကားကိုကျွမ်းကျင်စွာမောင်းနေတဲ့လက်ချောင်းတွေတိုင်းမှာ ရှိနေခဲ့တဲ့ အနာကပ်ပလာစတာတွေ...။
လက်ဆယ်ချောင်းလုံးကပ်ထားတော့ တမင်ထွင်တာလားလို့တွေးမိချင်ပေမယ့် ပလာစတာကိုဖောက်ထွက်ရင်းဟိုတစဒီတစသွေးစလေးတွေစို့နေတာကြောင့် အနာတရရနေမှန်းသတိထားမိလိုက်တယ်။
သူ့လက်တွေဆီWonwooအာရုံများနေရင်း ကျောင်းရောက်တာတောင်မသိလိုက်ပေ။
ကားတံခါးလာဖွင့်ပေးကာမှ အသိပြန်ဝင်လာရင်း...."လက်ကလေ......."
"Jeonghan! ဟုတ်လားလို့သေချာကြည့်နေတာ၊
အတန်းမတက်ဘူးလားဒီနေ့လဲ"Wonwoo သူ့လက်ကဒဏ်ရာကိုမေးဖို့ပေမယ့် နောက်ကနေထွက်လာတဲ့အသံကြောင့် စကားစပြတ်သွားရင်း အသံလာရာလှည့်ကြည့်လိုက်မိတယ်၊
သူကတော့ အသံပိုင်ရှင်ကိုခေါင်းတချက်သာငြိမ့်ပြပြီး စကားပြန်မပြောပေ။
Kim Soo ၊ Kimလုပ်ငန်းစုပိုင်ရှင်သားပဲ။
Kim Sooက Wonwooထက်စီနီယာဆိုတော့ သူလဲစီနီယာပေါ့။
ဒီမှာလဲကျောင်းတက်မှန်းသိလိုက်ရပေမယ့် ပုံစံကြည့်ရတာဒီနေ့သူ့အဖေ/ဦးလေးYoonနေမကောင်းလို့ ကျောင်းပျက်ပြီး အလုပ်ကိုအစားလာဝင်ပေးပုံပဲ။
အဖေတို့ကတော့မဟုတ်သေးပါဘူး၊ အိမ်ပြန်ရောက်ရင် ဒီကိစ္စပြောရမယ်။
Wonwoo စိတ်ထဲတေးမှတ်ထားလိုက်ရင်း ကားတံခါးကိုပိတ်ပြီး ဘေးနားရပ်နေသူကိုတချက်ကြည့်လိုက်ချိန် ပြန်မော့ကြည့်လာသူက"ညနေကျောင်းဆင်းချိန်ပုံမှန်လာကြိုခဲ့လိုက်ပါမယ်၊ ဒါဆို....သွားလိုက်ပါအုန်းမယ်"
"ခန!"
ပြောချင်ရာပြောပြီး Wonwooဆီကစကားကိုမစောင့်ပဲထွက်သွားဖို့ပြင်နေသူကို တားလိုက်မိတယ်။
Wonwooစကားကြောင့် ပြန်လှည့်လာရင်းအကြည့်တချက်ပေးလာသူဟာ စိတ်တော့သိပ်ရှည်တတ်ပုံမပေါ်။"ဒီနေ့ကျောင်းမတက်ဘူးလား Jeonghan၊ နောက်ပြီးလက်က ဒဏ်ရာ....."
ပြောပြီးမှကိုယ်တိုင်လဲ *ဘာလို့ဒီလိုပြောရတာလဲ Jeon Wonwooရ*
ဆိုပြီးတွေးမိသွားပေမယ့် စကားကထွက်မိသွားပြီမို့ တဖက်လူဆီကအဖြေကိုသာ ခပ်တည်တည်နဲ့စောင့်နေလိုက်မိတယ်။
စက္ကန့်အနဲငယ်ကြာတဲ့ထိ ပြန်မဖြေလာလို့ သူရောWonwooရော ကားဘေးမှာရပ်နေမိကြရင်း ....နောက်ဆုံး စိတ်မရှည်တတ်ပုံပေါ်တဲ့သူက"ညနေလာကြိုပါမယ်၊ သွားလိုက်ပါအုန်းမယ်!"
---------------------------------------------------
#ဇူရီ
19.Aug.2024
YOU ARE READING
Us , Love and ....?
Fanfiction"Yoon Jeonghanက ကျွန်တော်အမြဲ ဂရုစိုက်ပေးနေချင်မိတဲ့ မြတ်နိုးရာလေးလေ၊ တခြားအရာတွေကိုဂရုစိုက်ဖို့မလိုပဲ ကျွန်တော်ဂရုစိုက်တာတွေပဲလက်ခံပေးပေးပါ Jeonghannie" #Jeon Wonwoo