Part-4

59 7 0
                                    

ဘေးနားကနေရှောင်ထွက်သွားသူရဲ့လက်ကို WonWooဆွဲထားလိုက်ရင်း

"ခန! ခနလေးပါJeonghannie...
ကျွန်တော်တို့စကားပြောရအောင်......နော်"

တကျောင်းထဲအတူဆိုတာသိလိုက်ရတာတောင် သူနဲ့စကားပြောဖို့နောက်ထပ်အချိန်တွေမစောင့်နိုင်‌တော့ တဲ့အထိ WonWooသူ့ကိုစွဲ‌လန်းနေမိပြီထင်ပါရဲ့၊ အခုကိုသူနဲ့မပြောရရင် တခုခုလွဲသွားမှာစိုးတဲ့ထိ WonWoo သူ့လက်ကောက်ဝတ်လေးကိုတင်းကြပ်စွာဆွဲထားလိုက်ရင်းပြောလိုက်တော့....

"ကိုယ်မအားဘူး၊အတန်းချိန်ရှိတယ်
ပြီးတော့ မင်းနဲ့ကိုယ့်ကြားဘာပြောစရာရှိလို့လဲ"

"ခနလေးပဲလေ Jeonghannie
Jeonghannieဘက်က ပြောစရာမရှိရင်တောင် ကျွန်တော့်မှာပြောစရာတွေရှိတာမို့ ခနဖြစ်ဖြစ်ဗျာ..နော်"

WonWooအသံကိုအတတ်နိုင်ဆုံးထိ ချိုသာရင်းစိတ်ရှည်စွာပြောလိုက်မိတဲ့အခါ ဘေးနားကသူ့သူငယ်ချင်းဖြစ်သူတွေအပြင် အနီးနားကဖြတ်သွားဖြတ်လာလိုလိုနဲ့စပ်စုနေကြတဲ့သူတွေပါ အံ့ဩကုန်ကြတယ်။ Jeon WonWooဆိုတာ လူချစ်လူခင်ပေါတယ်လို့ပြောလို့ရပေမယ့် ရင်းရင်းနှီးနှီးသူငယ်ချင်းရယ်လို့ပြောစရာရှားပြီး ပတ်ဝန်းကျင်လဲသိပ်ဂရုမစိုက်တတ်တဲ့၊ တယောက်ထဲအေးဆေးနေတတ်တဲ့သူမျိုး‌ပါ။
တချို့ဆို အနေတည်လို့မာနကြီးမယ်ထင်တတ်ကြပြီး နောက်ခံမိသားစုကြောင့်ပါ ရှိန်နေရတဲ့သူတယောက်ပါ၊ ဒီလိုလူJeon WonWooက ကျောင်းမှာဂျစ်တူးလိုနေတတ်ပြီးသာမာန်ကျောင်းသားတွေထဲကတယောက်ဖြစ်တဲ့ Yoon Jeonghanကို အခုလိုစိတ်ရှည်စွာနဲ့ပြောနေတာ‌မြင်ရတော့ ဘယ်မအံ့ဩပဲနေကြမတုန်း။
Yoon Jeonghanတောင် ခနမှင်သက်မိပြီးမှ

"မင်း...
မင်းပြောသလို ခနပဲငါလိုက်မှာနော်"

"ဟုတ်ပြီ ခနပဲနော်"

ကျေနပ်သွားသူက အပြုံးလေးနဲ့ပြန်ပြောပြီး ဆွဲထားတဲ့လက်ကိုလဲမလွှတ်ပဲ လာရာလမ်းကိုပြန်လှည့်ရင်းထွက်လာခဲ့တယ်။
ကျန်ခဲ့တဲ့Yoon Jeonghanသူငယ်ချင်းတွေရော၊ မသိမသာစပ်စုနေကြတဲ့သူတွေရော အံ့ဩစွာနဲ့ကြောင်တောင်တောင်ကျန်နေခဲ့ရပြီး ဘယ်ခေါ်သွားမှန်းမသိတဲ့Yoon Jeonghanလဲ ကြောင်တောင်တောင်လေးနဲ့ပါသွားခဲ့ပါတယ်။
ကျောင်းရှေ့ထိထွက်လာခဲ့ပြီးနောက်မှာတော့ Yoon Jeonghanမနေနိုင်တော့ပါ၊ ရှေ့ကသွားနေသူဆွဲထားတဲ့သူ့လက်ကောက်ဝတ်လေးကို အနည်းငယ်ရုန်းရင်း

Us , Love and ....?Where stories live. Discover now